ဟားခါးမြို့ပေါ် လျှပ်စစ်မီး အထူးလိုင်းတွေ ပြန်လည်ဖြုတ်သိမ်း

ဟားခါးမြို့ပေါ် လျှပ်စစ်မီး အထူးလိုင်းတွေ ပြန်လည်ဖြုတ်သိမ်း
by -
ခိုနူမ်းထုန်

ယခုလ တတိယ ပတ်မှ စပြီး ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်တွင် အထူးလိုင်းအဖြစ် ပေးနေသည့် လျှပ်စစ်မီးများကို သက်ဆိုင်ရာက ပြန်လည်ဖြုတ်သိမ်းနေပြီဟု သိရသည်။

စစ်အစိုးရအုပ်ချုပ်ရေးကာလမှ ယနေ့အထိ ဟားခါးမြို့ပေါ် ဟော်တယ်၊ ဘုန်းကြီးကျောင်း၊ အစိုးရစစ်တပ်၊ ပြည်သူ့ရဲစခန်းနှင့် အခြား အစိုးရအရာရှိတွေထံ  Special Line အဖြစ် သက်ဆိုင်ရာက ပေးနေခြင်းဖြစ်သည်။

“ဟော်တယ်၊ ဘုန်းကြီးကျောင်းအတွက် ချပေးနေသည့် လျှပ်စစ်မီးတွေကို စဖြုတ်နေတယ်၊ ကျန် တဲ့နေရာတွေတော့ မဖြုတ်ရသေးဘူး၊ ယခုလိုဖြုတ်တာ မြို့ပေါ် မီးရရှိမှု မျှတနိုင်ဖို့ပါ” ဟု ဒေသခံ တဦးက ပြောသည်။

သက်ဆိုင်ရာက ယခုကဲ့သို့ လျှပ်စစ်မီးအထူးလိုင်းများ ပြန်ဖြုတ်နေခြင်းသည် ယခုလ ၁၆ ရက်နေ့က ဟားခါးမြို့ တော် ခန်းမတွင် လျှပ်စစ်မီးပုံမှန်မရခြင်းအပေါ် ဒေသခံများ ဆန္ဒဖော်ထုတ် မှုအကျိုးဆက်ဖြစ်မည်ဟု ဒေသထုတ် သတင်းများတွင် ဖော်ပြပါရှိသည်။

“ဟားခါးမြို့ပေါ်မှာ ဒေသခံပြည်သူတချို့ဟာ ၄ ရက် မှာ တခါလောက်ဘဲ လျှပ်စစ်မီး ရရှိတာတွေက မမျှတဘူးပေါ့၊ အထူး သဖြင့် ကျောင်းသားကျောင်းသူတွေ ဒုက္ခ ရောက်တယ်” ဟု မြို့မိမြို့ဖ တဦးက ပြောသည်။

ဟားခါးမြို့ပေါ်အတွက် လျှပ်စစ်မီးအား ကီလို၀ပ် ၅၀၀၀ လိုအပ်မည်ဖြစ်သော်လည်း လက်ရှိ ကီလို၀ပ် ရ၀၀ သာ အသုံး ပြုနိုင်ကြောင်း လျှပ်စစ်ဝန်ထမ်းတဦးက ဆိုသည်။

အလားတူ ချင်းပြည်နယ် အခြားမြို့များတွင် လျှပ်စစ်ဓါတ်အား ပုံမှန်မရရှိခြင်းကြောင့် ဒေသခံများ ဆန္ဒဖော်ထုတ်မှု များပြုလုပ်နေကြကြောင်း သိရသည်။

Most read this week