မင်းပြား သရက်အုပ် မွတ်ဆလင် ကျေးရွာ ပြန်လည် နေရာချ

မင်းပြား သရက်အုပ် မွတ်ဆလင် ကျေးရွာ ပြန်လည် နေရာချ
by -
နိရဥ္စရာ

အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် လူအုပ်စု နှစ်ခုအကြား အပြန်အလှန် တိုက်ခိုက်မူ အတွင်း ရွာလုံးကျွတ် မီးရှို့ခံခဲ့ရသော သရက်အုပ် မွတ်ဆလင်ကျေးရွာမှ ကျေးရွာသားများအား  ယခင်ကျေးရွာဟောင်း နေရာ၌ ပြန်လည် နေရာချထား ပေးနေကြောင်း သတင်း ရရှိသည်။

လောလောဆယ် မိသားစု ငါးဆယ်ခန့် ရောက်ရှိလာကြောင်းနှင့် “သူတို့ အစီအစဉ်နဲ့ လာနေတာတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာက စီစဉ်ပေးတဲ့ အစီအစဉ်နဲ့ လာနေကြတာ ထင်ပါတယ်” ဟု ပန်းမြောင်း ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ထို့အပြင် “သူတို့က ပထမတော့ ရွာမှာ တဲတွေ လာထိုးတယ်။ ညကျရင် နာဂါရာ ကျေးရွာကို ပြန်တယ်။ အခုတော့ မပြန်တော့ဘဲ ရွာမှာ နေနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဆိုသည်။

သရက်အုပ် ကျေးရွာတွင် အိမ်ခြေပေါင်း ၁၆၀ ခန့်ရှိပြီး မီးရှို့ တိုက်ခိုက်မူ ဖြစ်ပွားပြီးနောက်  နာဂါရာကျေးရွာ သို့ အားလုံး ထွက်ပြေး ခိုလှုံခဲ့ကြသည်။

၎င်းတို့အား နိုင်ငံတကာ အန်ဂျီအိုများနှင့် ဘာသာရေး အဖွဲ့အစည်းများမှ ဆန်ဆီဆား ဆေးဝါးများထောက်ပံ့ ပေးထားသည်ဟု ဆိုသည်။

ယခုအခါ ပန်းမြောင်းဒေသ အနီးတဝိုက်တွင် အခြေအနေ တည်ငြိမ်နေပြီး ပုံမှန် အခြေအနေသို့ ပြန်ရောက် နေပြီဟု ဒေသခံများက ဆိုသည်။

သို့သော် ရခိုင်ကျေးရွာများနှင့် မွတ်ဆလင် ကျေးရွာများ အကြား အစိုးရ တပ်ဖွဲ့ဝင်များ ဆက်လက် နေရာယူ ထားရဆဲ ဖြစ်ကြောင််း သိရသည်။

Most read this week