မလေးရှားသို့ ခိုးထွက်သူများ ရိုဟင်ဂျာဒုက္ခသည်မဟုတ်ဟု ဘင်္ဂလားဒေ့ရှိ သတင်းဖော်ပြ

မလေးရှားသို့ ခိုးထွက်သူများ ရိုဟင်ဂျာဒုက္ခသည်မဟုတ်ဟု ဘင်္ဂလားဒေ့ရှိ သတင်းဖော်ပြ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်နို်င်ငံမှ စက်လှေများဖြင့် ခိုးထွက်ပြီး မလေးရှားသို့ သွားလာနေကြသူများမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များ မဟုတ်ကြောင်း ဘင်္ဂလာဒေချ့် သတင်းဌာနကြီး တစ်ခုက ယမန်နေ့က ထုတ်ဖော် ရေးသားလိုက်သည်။

Bangladeshi Narinjz 2

ပင်လယ်ပြင်ကိုဖြတ်၍ ထွက်ခွာနေသူများသည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖေါက်ခံရသည့် ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများ၏ ဖော်ပြချက်များမှာ ချဲ့ကားရေးသားချက်များသာ ဖြစ်သည်ဟုလည်း ယင်းသတင်းက ဆိုသည်။

ဘင်္ဂလာဒေချ့် နိုင်ငံ၏ အကြီးဆုံး သတင်းဌာန တစ်ခု ဖြစ်သော United News of Bangladesh (UNB) က ယမန်နေ့က ထုတ်ဝေသည့် Bangladesh join  Rohingya in search of opportunity သတင်း၌ ထိုသို့်ဖေါ်ပြ ထားခြင်း ဖြစ်သည်။

ထို့အပြင် အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်္ဘာလ ရ ရက်နေ့အတွင်း လူပေါင်း ၂၄၅ ဦးကို တင်ဆောင်လာသော လူမှောင်ခို စက်လှေ နှစ်စီး ကော့စ်ဘဇား ခရိုင် တက်ကနက် ကမ်းခြေတွင် နစ်မြုပ်ခဲ့ရာ ၂၈ ဦးကို ဆယ်ယူနိုင်ခဲ့ကြောင်းနှင့် တဝက်နီးပါးမှာ ဘင်္ဂလာဒေချ့် နိုင်ငံသားများ ဖြစ်ကြောင်း UNB က ရေးသား ဖေါ်ပြသည်။

ဘီဂျီဘီ ဘင်္ဂလာဒေချ့် နယ်ခြား စောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး  Mohammad Zahid Hasan က နိုင်ငံတကာ၏ အာရုံ စူးစိုက်မူ ရယူလိုသဖြင့် ထိုသို့ရေးသားနေခြင်းမှာ လုံးဝ မှားယွင်းပြီး လူမှောင်ခိုသွားသူတိုင်း ရိုဟင်ဂျာ မဟုတ်ဟု ပြောဆိုကြောင်း သတင်းက ဆက်လက်ဖေါ်ပြသည်။

ထို့အပြင် လှေစီးသွားသူ တဝက်ခန့်မှာ ဘင်္ဂလာဒေချ့် နိုင်ငံသားများ ဖြစ်ကြောင်းနှင့် ယနေ့ ဘင်္ဂလာဒေချ့်မှ မလေးရှားသို့ သွားနေကြသူများအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၆၀ နှင့် ၆၅ ရာခိုင်နှုန်းပါ၀င်သည်ဟု ဆိုသည်။

ထို့အပြင် ဘင်္ဂလာဒေချ့် နိုင်ငံမှ မလေးရှားနှင့် အာရပ် နိုင်ငံများသို့ တရားဝင် အလုပ်သွားလုပ်မည် ဆိုပါက တာကာငွေ နှစ်သိန်းခွဲ (ယူရို နှစ်ထောင်ငါးရာ) အထိ ကုန်ကျနိုင်ကြောင်းနှင့် ဘင်္ဂလီ လူငယ် အများစုသည်  တာကာငွေ ၁၅,၀၀၀ (ယူရို ၁၄၀) ခန့်ဖြင့် တရားမဝင် အလုပ် လုပ်ကိုင်နိုင်သော မလေးရှားသို့ ခိုးလှေဖြင့် ထွက်ခွာနေကြကြောင်း UNB သတင်းက ဆိုသည်။

မလေးရှားသို့ ခိုးလှေဖြင့် သွားသူများ အနေဖြင့် တာကာငွေ တစ်သိန်းမှ တစ်သိန်း သုံးသောင်းထိ ကုန်ကျသော်လည်း မလေးရှားတွင် အလုပ်လုပ်ပြီး လူမှောင်ခိုသမားများအား အရစ်ကျ ပေးဆပ် ရကြောင်း သိရသည်။

Most read this week