ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် အပေါ် ဘင်္ဂလာဒေချ့် အစိုးရ တုန့်ပြန်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် အပေါ် ဘင်္ဂလာဒေချ့် အစိုးရ တုန့်ပြန်
by -
နိရဥ္စရာ

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က မွတ်ဆလင်တွေဟာ ဘင်္ဂလာဒေချ့် နိုင်ငံက တရားမဝင် ပြောင်းရွှေ့ ၀င်ရောက်နေထိုင်သူတွေ ဖြစ်တယ်လို့ မှတ်ချက်ပေး ပြောဆိုမှုသည် အစိုးရ၏ ရပ်တည်မှုနှင့် ကွဲလွဲနေကြောင်း ဘင်္ဂလားဒေ့ချ်က တုန့်ပြန် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ နိုင်ငံ ခရီးစဉ်အတွင်း ယခုလို ပြောကြားလိုက်သည့် အပေါ် ဘင်္ဂလားဒေ့ချ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က ကျေညာချက် ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေချ့်နို်င်ငံရှိ အင်္ဂလိပ်နှင့် ဘင်္ဂလီ ဘာသာများဖြင့် ထုတ်ဝေသည့် သတင်းစာများတွင် ဖော်ပြပါရှိသည်။

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ကျေညာချက်၌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုလို မှတ်ချက်ချ ပြောကြားမူဟာ ဒီပြဿနာ အပေါ်မှာ မြန်မာ အစိုးရရဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲနေပြီး ကျိုးကြောင်း ညီညွှတ်မှု မရှိကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။

သတင်းစာတွေမှာ ရေးသား ဖေါ်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယကို လာရောက် လည်ပတ်စဉ် အတွင်း နိုဝင်္ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် ဖြစ်ပေါ်ခဲ့တဲ့ မငြိမ်မသက်မူတွေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ ခုဖြစ်ရပ်ဟာ နိုင်ငံတကာ အနေနဲ့ အလွန် ၀မ်းနည်းစရာ ဖြစ်ရပ် တစ်ခု ဖြစ်ပေမယ့် ဘင်္ဂလာဒေချ့် နိုင်ငံက လူတွေ တရားမဝင် ၀င်ရောက်နေမူကို ရပ်တန့်ဖို့ လိုကြောင်း ပြောဆိုလိုက်တယ်လို့ ရေးသားကြပါတယ်။

ထို့အပြင် ၁၉၉၁-၉၂ ခုနှစ်တုန်းက မွတ်ဆလင် ဒုက္ခသည် ၂၅၀,၈၇၇ ၀င်ရောက််လာတာမှာ မြန်မာ အစိုးရ အနေနဲ့ ၂၃၆,၅၉၉ ကို စိစစ်ပြီး  ပြန်လည် လက်ခံခဲ့တဲ့ အတွက် သူတို့တွေဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေချ့်ကို ၀င်ရောက်လာသူတွေ ဖြစ်တယ် သူတို့ဟာ ဘင်္ဂလာဒေချ့်က လူတွေ မဟုတ်ဘူး ဆိုတာ ထင်ရှား နေပါတယ်လို့လည်း ကျေညာချက်မှာ ဖေါ်ပြပါတယ်။

အခုအချိန်ထိ ဒုက္ခသည် စခန်းနှစ်ခုမှာ ယူအန် အသိအမှတ်ပြု မွတ်ဆလင် (သူတို့ အခေါ် ရိုဟင်ဂျာ) ဒုက္ခသည် ၂၈,၀၀၀ ခန့်ရှိပြီး ပြင်ပမှာ အထောက်အထား တစ်စုံုတစ်ရာ မရှိဘဲ နေထိုင်သူ အများအပြား ကိုလည်း စိစစ်ပြီး မြန်မာဘက်က လက်ခံယူဖို့ သဘောတူထားတယ်လို့ ဆက်လက် ဖော်ပြထားသည်။

ထို့အပြင် မြန်မာ အစိုးရရဲ့ လက်ရှိ နိုင်ငံသား ဖြစ်မူ ဥပဒေ နှင့် ပတ်သက်၍ ပြန်လည် သုံးသပ်နေသည့် အပေါ် ကြိုဆို တယ်လို့ ဖော်ပြထားပြီး သက်ဆိုင်သူတွေ အနေနဲ့ သေချာတဲ့ အချက်အလက်တွေမရှိဘဲ ထုတ်ဖေါ်ပြောဆို မူတွေကို ရှောင်ကြဉ်ကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ဒါပေမယ့် မြန်မာအစိုးရ အပါအဝင် မြန်မာနိုင်ငံသားအများစုကတော့ သူတို့ဟာ ဘင်္ဂလာဒေချ့် နိုင်ငံက တရားမဝင် ၀င်ရောက်လာကြသူတွေလို့  ယုံကြည်ထားကြပြီး အစိုးရကလည်း မြန်မာနို်င်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူ မွတ်ဆလင် အများစုဟာ  ဘင်္ဂလီတွေ ဖြစ်ကြတယ်လို့ တရားဝင် ကျေညာထားပါတယ်။

Most read this week