ပုဒ်မ ၁၄၄ ထုတ်ထားသော်လည်း ကျောက်တော်တွင် ဆိုင်တချို့ ဖေါက်ထွင်းခံရ

ပုဒ်မ ၁၄၄ ထုတ်ထားသော်လည်း ကျောက်တော်တွင် ဆိုင်တချို့ ဖေါက်ထွင်းခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိ်န့်ထုတ်ပြန်ထားသော်လည်း စျေးဆိုင်များ ဖေါက်ထွင်းခံနေရကြောင်း သိရသည်။

လွန်ခဲ့သည့် သောကြာ ညပိုင်းနှင့် စနေနေ့ နံနက်ပိုင်း အချိန်များက ရွှေပြည်သစ် ကားဂိတ်ရှိ စားသောက်ကုန် ရောင်းသည့်ဆိုင် တခု ဖောက်ထွင်းခံခဲ့ရတယ်လို့ ဒေသခံ တဦးက ပြောသည်။

“အဓိက ဖေါက်ထွင်း ခံရတာက ဒေါ်မိုးရွှေရဲ့ ဆိုင် ဖြစ်ပါတယ်။ ဆိုင်ထဲက ပစ္စည်းတွေတော့ အကုန်လုံး ယူသွားပါ တယ်။ ခန့်မှန်းခြေ (၅) သိန်းဖိုးခန့် ရှိပါလိမ့်မယ်။ ဆိုင်က စားသောက်ကုန် ရောင်းတဲ့ ဆိုင် ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုမောင်ချေက ပြောသည်။

အလားတူ တစ်ခြား ဆိုင်တစ်ခုတွင်လည်း ရန်ကုန်မှ ပို့ထားသည် ဖုံးဆက်များ ဖေါက်ထွင်း ယူဆောင်သွားခဲ့သည်ဟု သိရကြောင်း “ဆိုင်တွေမှာ လုံခြံုရေး အခြေအနေကြောင့် အရေးအခင်း ဖြစ်ပြီး ကတည်းက  ဘယ်သူမှမအိပ်ကြပါ ဘူး။ ညနေဆိုရင် အိမ်ပြန်လာတယ်။ မနက်ဆိုရင် ဆိုင်သွားဖွင့်တယ်။ အခုလို အစောင့် မရှိတဲ့ အတွက်ဖေါက်ထွင်း သွားတာ ဖြစ်ပါတယ်။ ဖေါက်ထွင်းသွားတာ ဘယ်သူဆိုတာတော့ လက်ပူး လက်ကြပ် မမိတဲ့ အတွက် ပြောဖို့တော့ ခက်ပါတယ်။ လူတွေက သံသယ ဖြစ်နေကြတာတော့ ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ကျောက်တော်တွင် ညမထွက်ရ အမိန့်ကို သက်ဆိုင်ရာမှ လျှော့ပေါ့ ပေးခဲ့သော်လည်း ည ၁၀ နာရီမှ နံနက် ၅ နာရီ အထိ အပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားဆဲ ဖြစ်သည်။

Most read this week