ဘင်္ဂလားပင်လယ်အော် အတွင်း မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်နေ

ဘင်္ဂလားပင်လယ်အော် အတွင်း မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်နေ
by -
နိရဥ္စရာ

ကျောက်ဖြူမြို့မှ အနောက်တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ၊ ဧရာဝတီတိုင်း ပုသိမ်မြို့ရဲ့ အနောက်ဘက် မိုင် ၃၉၀ အကွာ ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ မုန်တိုင််းငယ် တစ်ခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မြန်မာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ရဲ့  ထုတ်ပြန်ချက်အရ အခု ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အဝါရောင်အဆင့်သာရှိတယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ဟာ အဲဒီ ဗဟိုပြုတဲ့ နေရာကနေ မြောက်ဘက်နဲ့  အနောက်မြောက်ဘက်ကို ဖြည်းညင်းစွာ ရွေ့လျားမှာ ဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းကို ဦးတည်ရွေ့ လျားမယ့် အခြေအနေမရှိဘူလို့လည်း ဆိုပါတယ်။

ကျောက်ဖြူမြို့ကို ဆက်သွယ် မေးကြည့်တဲ့ အခါမှာတော့ ဒီကနေ့ ကျောက်ဖြူမှာ နေသာနေပြီး မုန်တိုင်း တိုက်မယ့်  အရိပ်အရောင်ကို မမြင်ရဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“မုန်တိုင်းရှိတယ်လို့ သိရပါတယ်။ မြန်မာရုပ်မြင်သံကြားက ကျေညာပါတယ်။ ဒါပေမယ့် အိန္ဒိယနဲ့ နီးပီး အဲဒီဘက်ကို ရွှေ့လျားနေတယ်လို့ မျှားအနီးလေးပြပြီး ကျေညာသွားပါတယ်” လို့ ပြောပါတယ်။

ဘင်္ဂလာဒေချ့်နိုင်ငံမှာတော့ နံပတ် ၃ အဆင့်ရှိတဲ့ အလံတွေကို ပင်လယ် ကမ်းခြေ တလျှောက်မှာ ထောင်ပြီး မုန်တိုင်း သတိပေးမူတွေ ပြုလုပ်နေပါတယ်။

Most read this week