မြန်မာ လျှပ်စစ် ဘင်္ဂလာဒေချ့်ကို ရောင်းမည် မဟုတ်

မြန်မာ လျှပ်စစ် ဘင်္ဂလာဒေချ့်ကို ရောင်းမည် မဟုတ်
by -
နိရဥ္စရာ

မြန်မာနှင့် ဘင်္ဂလာဒေချ့် (၂) နိုင်ငံအကြား ယခင်က သဘောတူညီထားသော မြန်မာ လျှပ်စစ်ဓာတ်အား ဘင်္ဂလာသို့ ရောင်းချရေးကို မြန်မာဘက်က ပယ်ဖျက်လိုက်သည်ဟု သိရသည်။

IMG_0619
(၆) ကြိမ်မြှောက် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးတွင် ထိုသို့ မြန်မာဘက်က ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု ဘင်္ဂလာဒေချ့် ကုန်သွယ်ရေး ၀န်ကြီးဌာန အတွင်းဝန် မဟာဘူလ် အာမတ်က သတင်းထောက်များသို့ ပြောသည်။

နိုဝင်္ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဘင်္ဂလာဒေချ့် နိုင်ငံ ဒက္ကားမြို့တော်တွင် ပြုလုပ်ခဲ့သော မြန်မာ- ဘင်္ဂလာ ကုန်သွယ်ရေး ဆိုင်ရာ (၂) ရက်တာ အစည်း အဝေးတွင် မြန်မာ အနေဖြင့် သူ့နိုင်ငံတွင် လျှပ်စစ် ဓာတ်အားကို ဘင်္ဂလာသို့ ရောင်းမည့် အစီအစဉ်မှာ ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လျှပ်စစ် ဓာတ်အာား မလုံလောက်မူနှင့် ရင်ဆိုင်ကြံုတွေ့နေရသည်ဟု ဘင်္ဂလာ ကိုယ်စားလှယ်များကို  ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလာဒေချ့် နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော စိုုင်းတင် ရေအား လျှပ်စစ်နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အကြားတွင် တည်ဆောက်နေသော လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းတို့မှ ကီလိုဝပ် ၅၀၀ ၀ယ်ယူရန် မြန်မာနှင့် ပမာဏ သဘောတူညီမူ ရှိခဲ့သည်။

ထိုသို့ သဘောတူညီမူ အရ ဘင်္ဂလာဒေချ့် ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ သွားရောက်ပြီး လျှပ်စစ် ဓါတ်အား ၀ယ်ယူရေးကို ဆွေးနွေးခဲ့ကြသည််ဟု ဆိုသည်။

ရခိုင်ပြည်နယ် စိုင်းတင် ရေအားလျှပ်စစ်မှာ ၂၀၁၄- ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဟု သိရသည်။

ဘင်္ဂလာဒေချ့် နိုင်ငံသည် သူ့နိုင်ငံ အတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်မူကို မြန်မာ အပြင် အိမ်နီးချင်း နိုင်ငံများကြသော ဘူတန်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့မှ တင်သွင်းရန် ကြိုးပမ်းနေသည်။

မြန်မာနိုင်ငံထက် နှစ်ပေါင်း ၂၃ နှစ် နောက်ကျပြီးမှ ပါကိစ္စတန် လက်အောက်မှ လွှတ်မြောက်လာသော ဘင်္ဂလာဒေချ့်နိုင်သည် မြန််မာနိုင်ငံထက် လျှပ်စစ် ဓာတ်အား သုံးစွဲမူ ပမာဏ များပြားပြီး  မြို့ရော တောပါ မကျန် နိုင်ငံ အဝန်း လျှပ်စစ် မီးရရှိသည်။

ဘင်္ဂလာဒေချ့် နိုင်ငံသည် မြန်မာမှ လျှပ်စစ် ဓာတ်အား ၀ယ်ယူရန် လမ်းစ ပိတ်သွားပြီ ဖြစ်သော်လည်း တို်က်ရိုက် လေကြောင်းလိုင်းနှင့် ရေကြောင်းလိုင်းများကို တိုးချဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြှင့် ဆောင်ရွက်သွားမည် ဟု သိရသည်။

Most read this week