တောင်ကုတ်မြို့နယ် NLD အလုပ်အမူဆောင်ကော်မီတီ မဲစနစ်ဖြင့် ရွှေးချယ်

တောင်ကုတ်မြို့နယ် NLD အလုပ်အမူဆောင်ကော်မီတီ မဲစနစ်ဖြင့် ရွှေးချယ်
by -
နိရဥ္စရာ

တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကျေးရွာ အလုပ်မူဆောင် ကော်မီတီများကို မဲစနစ်ဖြင့် ရွေးချယ်၍ ဖွဲ့စည်းခဲ့ရာ ကျေးရွာ အုပ်စု ၁၃ ခု ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

တောင်ကုတ် NLD မှ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပနေစဉ်။

“အဓိကတော့ ဒီမိုကရေစီရဲ့ သဘောတရားတွေနဲ့ ကျင့်စဉ်တွေ လူထုအကြားမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်လာ စေချင်တဲ့ အတွက် ရည်ရွယ်ပြီး အုပ်စုတိုင်းမှာ ကော်မီတီတွေကို ရွှေးကောက်ပွဲ လုပ်ပြီး မဲစနစ်နဲ့ တင်မြှောက် ဖွဲ့စည်း ပေးနေတာ ဖြစ်ပါတယ်” ဟု ပြည်နယ်စည်း အဖွဲ့ဝင်  ဦးမင်းအောင်က ပြောသည်။

ယမန်နေ့က မဲစံနစ်ဖြင့်ရွှေးကောက်တင်မြှောက်ပြီး ကျေးရွာ အလုပ်အမူဆောင် ကော်မီတီများကို ဖွဲ့စည်း ဖြစ်ခဲ့သော ကျေးရွာများမှာ ကြိုးကြာကွင်း ကျေးရွာအုပ်စု၊ ကန်းဒေးကျေးရွာအုပ်စု၊ နတ်မော် ကျေးရွာ အုပ်စု၊ သလိန်ပြင် ကျေးရွာ အုပ်စု၊ ရန်မျောကျေးရွာအုပ်စု၊ မိုးကျေးရွာအုပ်စု၊ ကင်းတောင် ကျေးရွာ အုပ်စု၊ တရဘ ကျေးရွာအုပ်စု၊ ငမောက်ချောင်း ကျေးရွာအုပ်စု၊ ခရိုင်ကျေးရွာအုပ်စု၊ ပဒါကျေးရွာအုပ်စု၊ ဆားပြင် ကျေးရွာအုပ်စု၊ ငလုံးမော် ကျေးရွာအုပ်စု တို့ ဖြစ်သည်။

“တောင်ကုတ်မြို့နယ်မှာ ကျေးရွာ အုပ်စု ၅၁ စု ရှိပါတယ်။ မနက်ဖြန်မှာ တချို့  ကျေးရွာ အုပ်စုတွေမှာ ဆက်ဖွဲ့ပါ တယ်။ နိုဝင်္ဘာလ ၁၆ ရက်နေ့မှာလည်း ဆက်လက် ဖွဲ့စည်းဖို့ ရှိပါတယ်။ အဲဒီပီးရင် ကျွန်တော်တို့ တောင်ကုတ်မြို့ နယ်အလုပ်အမူဆောင် ကော်မီတီိကိုလည်း ခုလို မဲစနစ်နဲ့ လာမယ့် ဒီဇင်္ဘာလမှာ ရွှေးချယ် တင်မြှောက် ဖွဲ့စည်းသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဦးမင်းအောင်က ဆိုသည်။

ယခု ကျေးရွာ အုပ်စု ကော်မီတီများကို ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး အပါအဝင် ကော်မီ ၃ ဦး၊ ၅ ဦး စသဖြင့် အဖွဲ့ဝင် အင်အား အနည်း အများကို မူတည် ဖွဲ့စည်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ တောင်ကုတ်မြို့နယ်ကော်မီတီ ဖွဲ့စည်းရာတွင်လည်း ကျေးရွာ အုပ်စု ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ မဲစနစ်ဖြင့် ရွှေးချယ် ဖွဲ့စည်းသွားမည်ဟု သိရသည်။

Most read this week