အိုဘားမား မြန်မာခရီးစဉ်အပေါ် အမေရိကန် အခြေစိုက် ရခိုင် လူမျိုးများ အသင်းမှ ကြိုဆို

အိုဘားမား မြန်မာခရီးစဉ်အပေါ် အမေရိကန် အခြေစိုက် ရခိုင် လူမျိုးများ အသင်းမှ ကြိုဆို
by -
နိရဥ္စရာ

ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် သမ္မတအိုဘားမား ခရီးစဉ်နှင့် ပတ်သက်ပြီး အမေရိကန် အခြေစိုက် ရခိုင် လူမျိုးများ အသင်းမှ ကြိုဆိုကြောင်း သဘောထားထုတ်ပြန်သည်။

သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမေရိကန်အခြေစိုက် ရခိုင်လူမျိုးများ အသင်း ဘက်ဖလိုး နယူးယောက်ခ် အဖွဲ့ဒါရိုက်တာ ဦးခိုင်မြင့်သိန်းက နိရဥ္စရာသို့ယခုလို ပြောသည်။

“အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ သံတမန်ရေးရာအရ ဆက်ဆံမှုတွေ ပြတ်တောက်် နေတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တယ်။ ပြီးရင် အမေရိကန် သမ္မတရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်တယ်။ ကျွန်တော့် အမြင်ပြောရ ရင်တော့ သမ္မတအိုဘားမား ခရီးစဉ်ဟာ အင်မတန်မှ Development ဖြစ်ဖို့လို့ မြင်ပါတယ်။ တဘက်မှာလည်း အမေရိကန်နဲ့ မြန်မာ အကြား ဆက်ဆံမှုတွေလည်း အင်မတန်မှ တိုးတက်နေတယ်လို့ မြင်တယ်။ ဒါကြောင့် သမ္မတ အိုဘားမားရဲ့ မြန်မာခရီးစဉ်ဟာ သမိုင်းဝင် ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်” ဟုပြောသည်။

အမေရိကန် သမ္မတ အနေဖြင့် ယခုခရီးစဉ်တွင် မြန်မာ အစိုးရနှင့်  ကိိစ္စရပ် အတော်များများကို ဆွေးနွေး မည်ဖြစ် သဖြင့် ယခု ခရီးစဉ်ကိုအကောင်းဘက်က မြင်ကြောင်း လည်း သူက ဆက်လက်ပြောဆိုသည်။

“အမေရိကန် အနေနဲ့ ဆွေးနွေးသွားမယ့် အကြောင်းအရာတွေကတော့ Economic စီးပွားရေး တိုးတက်ကောင်း မွန်ရေး၊ Job creation အလုပ်ကိုင်အသစ် လုပ်သွားဖို့ကိစ္စ၊ Partnership တနိုင်ငံနဲ့ တနိုင်ငံအပြန် အလှန်ကုန် သွယ်မယ့် ကိစ္စ၊ စွမ်းအင် ယန္တရားတွေ ပူးပေါင်းဆောင် ရွက်ရေးကိစ္စ၊ Human Rights လူ့အခွင့်အရေးနဲ့ ပတ် သက်လို့ နိုင်ငံတကာရဲ့ စိုးရမှုတွေကိုပါ ဆွေးနွေးသွားဖို့လို့ သိရပါတဲ့အတွက် အကောင်ဘက်က မြင်ပါတယ်”ဟု ပြောသည်။

ထို့အပြင် တိုင်းရင်းသား အခွင့်အရေးကိစ္စနှင့် ပတ်သက်ပြီး “အိုဘားမား ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ရှိတဲ့တိုင်းရင်း သား ပေါင်းစုံရဲ့အရေးကို အဓိကဦးစားပေး လုပ်ပေးစေချင်တယ်။ တိုင်းရင်းသား ပေါင်းစုံနဲ့ လက်ရှိ အာဏာရ ဦးသိန်းစိန် အစိုးရတို့အကြား Reconciliation အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ဖို့အတွက်ပါ အိုဘားမားကိုတိုက်တွန်း ထားပါတယ်။ ပြီးရင် မြန်မာနိုင်ငံမှာ Democratic transaction တခုတည်းမဟုတ်ဘဲနဲ့ တိုင်းရင်းသား ပေါင်းစုံညီ ညွတ်မှု၊ တန်း တူတန်းမျှရှိမှု အဆင့်အထိ အမေရိကန်အစိုးရက ကူညီပေးနိုင်လိမ့်မယ်လို့ မျော်လင့်ပါတယ်” ဟု ဦးမြင့်သိန်းက ပြောသည်။

ဆက်လက်၍ “တိုင်းရင်းသား အဖွဲ့တွေ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့နဲ့ ဒေါ်စုတို့ဘက်က ဖက်ဒရယ် ပြည်ထောင်စု အစစ်အမှန်ဖြစ်လာအောင် လုပ်ပေးဖို့ သမ္မတအိုဘားမားကို တိုက်တွန်းစေချင်တယ်။ ဦးသိန်းစိန်အစိုး ရကလည်း မြန်မာ ဒီမိုကရေစီ အရေးကို ပါးစပ်က ပြောသလို လက်တွေ့ အကောင် အထည်ဖေါ် လုပ်ဆောင်ဖို့လည်း တိုက်တွင်း ချင်ပါတယ်” ဟုပြောသည်။

သမ္မတ အိုဘားမား မြန်မာနိုင်ငံ ခရီးစဉ်ကြောင့်  တရုတ်-မြန်မာ ဆက်ဆံရေးမှာလည်း ထိခိုက် ပျက်ပြားလိမ့်မည်ဟု မယုံကြည်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော အမေရိကန် ပြည်ထောင်စု၏ သမ္မတရွေးကောက် ပွဲတွင် နောက်ထပ် သမ္မတ သက်တမ်း ၄ နှစ်အတွက် ရွေးကောက် တင်မြှောက် ခံခဲ့ရပြီးနောက်အရှေ့အာရှနိုင်ငံ များသို့ ပထမဆုံး ခရီးစဉ်အတွင်း မြန်မာနို်င်ငံသို့ နို၀င်ဘာလ ၁၉ ရက်နေ့တွင် လာရောက်လည်ပတ် မည်ဖြစ်သည်။

Most read this week