CNF နဲ့ အစိုးရ ပြည်ထောင်စု အဆင့် ပြန်လည်ဆွေးနွေးမည်

CNF နဲ့ အစိုးရ ပြည်ထောင်စု အဆင့် ပြန်လည်ဆွေးနွေးမည်
by -
ခိုနူမ်းထုန်

ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ပြန် လည်ဆွေးနွေး တော့မည် ဟု သတင်းရရှိသည်။

ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး စီအဲန် အက်ဖ် ဖက်မှ အဖွဲ့ခေါင်း ဆောင်အဖြစ် အထွေထွေအတွင်း ရေးမှူးချုပ် ပူး ဇင်ကျုံး၊ ဒုတိယ အဖွဲ့ခေါင်းဆောင် အဖြစ် အဓိပတိ ကောင်စီဝင်၊ ပါတီ ဥက္ကဌဟောင်း ပူး သောမတ်စ်ထန်နိုး တို့က ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေးကိစ္စအပါအဝင် ပထမအကြိမ်ဆွေးနွေးတုန်းက ဆက်လက်ဆွေးနွေးရန်ရှိတဲ့ သဘောတူ ညီချက်တွေကို ဆက် လက်ဆွေးနွေးမှာဖြစ်ပြီးတော့ နောက်ထပ်ဆွေးနွေးမည့် အချက်တွေလည်း ရှိတယ်” ဟုငြိမ်းချမ်းရေးကော်မီတီ အဖွဲ့ဝင် တဦးက ပြောသည်။

ချင်းပြည်နယ်ဟားခါးမြို့ရှိ ပြည်ထောင်စုရိပ်သာတွင် ပထမအကြိမ်ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေးဆွေးနွေးစဉ်က အချက် ၁၅ ချက်ကို နှစ်ဘက် သဘောတူညီခဲ့ကြသော်လည်း တချို့အချက်ကို ဆက်လက်ဆွေးနွေးရန်ဟု ပါရှိသည်။

၁၅ ချက်အနက် တပ်နေရာချထားရေး၊ ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ် ရေးပြဌာန်း ခွင့်ကိုအခြေခံသော ပြည်ထောင်စု စစ်စစ်မူ ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းအရ လေးစားလိုက်နာ အပ် သည့် လူ့အ ခွင့်အရေးဆိုင်ရာ၊ ချင်းအမျိုးသားနေ့ နှင့် ချင်းပြည်နယ်နေ့ သတ်မှတ်ရေးတို့ကိုဆက်လက်ဆွေး နွေးဖွယ်ရှိသည်ဟု သိရသည်။

သဘောတူညီချက်များအရ စီအဲန်အက်ဖ် သည် မတူပီ၊ ထန်တလန်၊ တီးတိန်မြို့များတွင် ဆက်ဆံရေးရုံး များ ကို၄င်း၊ အမှတ် (၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေး လမ်း ကြောင်းပေါ်တွင် စီးပွား ကုန်သွယ်ရေးရုံးကို၄င်း ဖွင့်လှစ်ခဲ့ ပြီး ချင်းပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ပြုလုပ် လျက်ရှိသည့်အပြင် တပ်နေရာချထားရေးကို ဆက်လက် အကောင်အထည်ဖော် လျက်ရှိသည်။

မြန်မာနို်င်ငံအတွင်းထာဝစဉ်တည်တ့ံခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် အစိုးရဖက်မှ ၅၂ ဦးပါ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီကို ဖွဲ့ စည်းခဲ့ပြီးဖြစ်သလိုစီအဲန်အက်ဖ်ဖက် မှ လည်း ၂၃ ဦးပါ ငြိမ်းချမ်းရေးကော်မီတီကိုဖွဲ့စည်း ခဲ့ပြီးဖြစ်သည်။

Most read this week