ပြင်းအား ၆.၆ အဆင့်ရှိ ငလျင်ကြောင့် ဘုရားစိန်ဖူးတော် ကျခဲ့ရ

ပြင်းအား ၆.၆ အဆင့်ရှိ ငလျင်ကြောင့် ဘုရားစိန်ဖူးတော် ကျခဲ့ရ
by -
မဇ္ဈိမ

မြန်မာနိုင်ငံအလယ်ပိုင်းတွင် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ရး၄၅ မိနစ်ခန့်က ရစ်ချ်တာစကေး ၆.၆ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဟာဝိုင်ရီအခြေစိုက် ငလျင်တိုင်းတာရေး စခန်းက ကြေညာသည်။

ငလျင်သည် ရွှေဘိုမြို့နှင့် ၃၅ မိုင်အကွာ၊ မိုးကုတ်မြို့နှင့် ၃၇ မိုင်အကွာ၊ မန္တလေးမြို့နှင့် ရ၆ မိုင်အကွာ၊ နေပြည်တော်နှင့် ၂၂၆ မိုင်အကွာတွင် လှုပ်ခတ်သွားသည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ယင်းလှုပ်ခတ်မှုကြောင့် အမရဌာနနီ အရှေ့ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက်ဘုရား စိန်ဖူးတော်နှင့် ထီးတော် ပြုတ်ကျခဲ့ခြင်းကြောင့် အာရုံခံ တန်စောင်းသို့ ခေတ္တ ပြောင်းရွှေ့ထားရသည်ဟု မန္တလေး မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။

အလားတူ မန္တလေး စျေးချိုတွင် ဖွင့်လှစ်ထားသည့် မန်းမြန်မာ ပလာဇာသည်လည်း ငလျင်ကြောင့် စောင်းလာပြီး စျေးသည်များ နေရာ ပြောင်းရွှေ့နေကြသည်ဟု မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တွင်လည်း ငလျင်ကြောင့် လူတယောက် သေဆုံးပြီး အပျက်အစီး ပမာဏများပြား သည်ဟု စဥ့်ကူးရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိ တဦးက ပြောသည်။ ပျက်စီးဆုံးရှုံးမှု စာရင်းကိုမူ အတည်ပြုချက် ရယူဆဲဟုလည်း အဆိုပါ ရဲအရာရှိက ဆိုသည်။

ငလျင်တစ်ခု လှုပ်ခတ်ပြီးပါက နောက်ထပ် ငလျင်ငယ်များ ထပ်မံလှုပ်တတ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသော်လည်း စိုးရိမ်မှု မလွန်ကဲရန် ထပ်လောင်းပြောဆို ထားသည်။