ရခိုင် ပဋိပက္ခနှင့် ပတ်သက်၍ နိုင််ငံရေး ပါတီများအား ပြည်နယ်ရဲမှူးကြီး ခေါ်မေး

ရခိုင် ပဋိပက္ခနှင့် ပတ်သက်၍ နိုင််ငံရေး ပါတီများအား ပြည်နယ်ရဲမှူးကြီး ခေါ်မေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သတ်ပြီး ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်း ဆောင်များနှင့် မြို့မိမြို့ဖများကို ပြည်နယ်ရဲမှူးကြီးက ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည်စိုးနှင့် ဗဟိုကော်မီတီဝင် ရှေ့နေဒေါ်အေးနုစိန်တို့အား ခေါ်ယူမေးမြန်းခဲ့သည်ဟု “ရဲမှူးကြီးက ခေါ်စစ်တဲ့ အနေအထားတော့ မဟုတ်ပါ။ ဆွေးနွေးတဲ့ ပုံသဏ္ဍာန်နဲ့မေးတာပါ။ ပထမ တစ်ကြိမ် တုန်းကဆိုရင် တမျိုးတဖုံပြောလို့ရတယ်။ နောက်ထပ် ဖြစ်လာတဲ့ကိစ္စမှာ ကြိုးကိုင် သူတွေရှိနေတယ်။ သွေးထိုး လှုံဆော်မှုတွေ ရှိနေတယ်ဆိုတာတွေနဲ့ ပတ်သတ်လို့ RNDP က အောက်ခြေက လူငယ်တချို့ ပါကောင်းပါနိုင်တယ်ဆိုပြီး သုံးသပ်ချက်တွေရှိတယ်။ နိုင်ငံတော် သမ္မတရုံး ကြေငြာချက် မှာလည်း နိုင်ငံရေးပါတီတွေ ကြိုးကိုင်မှုရှိနေတယ်လို့ ပါတဲ့အ တွက် အနေအထားတစ်ခုကို မေးကြည့် တဲ့သဘောပါ” ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

နို၀င်ဘာလ ၈ ရက်နေ့ညနေ ၄ နာရီခန့်က ခေါ်ယူဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပြဿနာ အရင်းမြစ်အား ရဲမှူးကြီးက မေးမြန်းခဲ့ရာ “ကျွန်တော်က အခုဖြစ်နေတဲ့ပြဿနာတွေရဲ့ အကြောင်းအရင်း အချက် ၂ ချက်ဘဲတွေ့တယ်။ ပထမ တစ်ချက်က ရိုဟင်ဂျာဆိုတဲ့ မရှိတဲ့ လူမျိုး တစ်မျိုးကို လူမျိုးတစ်ခု အဖြစ် ဖန်တီးချင်တယ်။ ဒုတိယ အချက်က  ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်နယ်မြေ တချိုု့ကို အစ္စလာမ် မစ်နိုင်ငံ ထူထောင် လိုတယ်။ အဲဒီ အချက်နှစ်ချက်အပေါ်မှာ ဒီပြဿနာ ဖြစ်ရတာဖြစ်တယ်လို့ ကျွန်တော် ပြောခဲ့ တယ်” ဟု ဦးပြည်ခိုင်စိုးက ဆိုသည်။

အလားတူ မြို့မိမြို့ဘများထဲမှ ဆရာဦးဗသိန်း၊ ဆရာ ဦးအောင်ဇံတို့အပါ အဝင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် မှ ခေါင်း ဆောင်တချို့နှင့် လူမှုရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်များကိုလည်း တစ်ဦးချင်း စီ ခေါ်ယူမေးမြန်း ခဲ့ကြောင်း သိရသည်။

Most read this week