ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် အဓိကရုဏ်းများ ပြန်လည် ဖြစ်ပွားခဲ့သည့် နောက် အိန္ဒိယ – မြန်မာ နယ်စပ်မှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ တရား မဝင် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၅၀ ခန့် ဖမ်းဆီးရမိထားကြောင်း သိရသည်။
“နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီခန့်က ဘင်ဂါလီလူမျိုး ၁၉ ဦးကို တွေ့ရှိတဲ့ တံငါသည်တဦးက အာဏာပိုင် တွေထံ သတင်းပို့လို့ ၉ မိုင် ကျောက်တလုံးအရပ်မှာ ဖမ်းဆီးပြန်တယ်၊ အရင်လက ဖမ်းဆီးတာ ၃၀ ခန့်တော့ ရှိပြီ” ဟု ကလေးမြို့ ၉ မိုင် အရပ်မှ ဒေသခံတဦးကပြောသည်။
နောက်ဆုံး ဖမ်းဆီးထားတဲ့ ဘင်္ဂါလီ ၁၉ ဦးကို အမှုမစစ်ခင် လူထု ရှေ့မှောက်တွင် ပြသခဲ့ရာ ဒေသခံ ၁၀၀၀ ခန့်လာ ရောက်ကြည့်ရှုကြ ကြောင်း သိရသည်။
“ ပြည်သူတွေက ဘင်္ဂလီလူမျိုးနဲ့ ရုပ်ချင်းဆင်သည့် သူစိမ်းတွေ တွေ့ရှိပါက အချိန်မှီ သတင်းပေး ပို့နိုင် ရေးအတွက် ယခုလို လုပ်ရခြင်းဖြစ်မယ်” ဟု မျက်မြင်တဦးက ခန့်မှန်းပြောဆိုသည်။
ယင်းသို့ ၀င်ရောက်လာသူများမှာ စစ်ကိုင်းတိုင်း ကလေးမြို့ မှတဆင့် မန္တလေးမြို့ကို ဖြတ်ပြီး ထိုင်း နယ်စပ်မှ တဆင့် မလေးရှားနိုင်ငံသို့ ၀င်ရောက်ရန် ဖြစ်သည် ဟု ကလေးမြို့မှ အမှုစစ် အရာရှိများထံက သိရသည်။