ဆက်သွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်ကြေညာ

ဆက်သွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်ကြေညာ
by -
မဇ္ဈိမ

ဆက်သွယ်ရေး၊ သတင်း အချက်အလက်၊ ကြိုးမဲ့ဆက်သွယ်ရေး ကွန်ယက် စသည့် ဆက်သွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုများ ပါဝင်သည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို အများပြည်သူ လေ့လာနိုင်ရန် အတွက်  နိုဝင်ဘာလ ရ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ယင်းဥပဒေကြမ်းတွင် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ပင်မဝင်ပေါက် ထွက်ပေါက် သတ်မှတ်ခြင်း၊ ဆက် သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်၊ ဆက်သွယ်ရေးဆိုင်ရာ လိုင်စင်၊ လိုင်စင်ရရှိသူ ၏ တာဝန်များ ပါဝင်သည်။
meetlotdaw2
ထို့ပြင် ကွန်ယက် အထောက် အကူပြုပစ္စည်းနှင့် ဆက်သွယ်ရေး ပစ္စည်းများကို ထောက်ခံချက်ဖြင့် ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း လှိုင်းနှုန်းစည်နှင့် ဂြိုလ်တု ပတ်လမ်းကြောင်း တည်နေရာတို့ကို စီမံခန့်ခွဲခြင်း၊ ဆက်သွယ်ရေး နံပါတ် လျာထားသတ်မှတ်ချက်၊ နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ စသည်ဖြင့် အခန်း ၂ဝ ပါဝင် သည်။

အခန်း ၁၉ ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် မည်သူမဆို ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်ရာတွင် ဖြစ်စေ၊ ဆက်သွယ်ရေး ပစ္စည်းကို အသုံးပြု၍ဖြစ်စေ နိုင်ငံတော်၏ လုံခြံုရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး သို့မဟုတ် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေမည့် ပြုလုပ်မှု တရပ်ရပ် ကျူးလွန်မိပါက ထောင်ဒဏ်အနည်းဆုံး ရ နှစ်မှ အများဆုံး ၁၅ နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဆိုထားသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားပါက ပြုလုပ်သူကို ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁ဝ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့အပြင် ဆက်သွယ်ရေးကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ကြည့်ရှု့ခြင်း၊ ဝင်ရောက် အသုံးပြုခြင်း၊ ဝင်ရောက် နှောင့်ယှက်ခြင်း၊ စံချိန် စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလ အနေအထားကို ဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေး ကွန်ယက်ကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ််၍ မရိုးမဖြောင့်သော သဘောဖြင့် ဝင်ရောက် စေခြင်းတို့ကို ပြုလုပ်ခဲ့ ပါက ၅ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။