ဆူပူ အကြမ်းဖက်မူ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်

ဆူပူ အကြမ်းဖက်မူ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်ရှိ လူအုပ်စု နှစ်ခုအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ ထိရောက်စွာ မကိုင်တွယ်နိုင်ပါက ဆူပူအကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ကျောက်တော်တွင် စစ်တပ် လက်ချက်ဖြင့် သေဆုံးခဲ့ကြရသူများ။ (ဓါတ်ပုံ- နိရဥ္စရာ)
နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုများ ငြိမ်သက်သွားရန် အစိုးရက ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း နိုဝင်ဘာလ ၅ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ဦးမောင်ဘေချေ၏ သားဖြစ်သူ မောင်စိုးဝင်းအား နာဂါရာကျေးရွာနှင့် လက်မ မွတ်ဆလင်ရွာမှ ဘင်္ဂလီ ၂၀ ခန့်က ဂျင်ဂလိ လေးဂွများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး မင်းပြားဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ပန်းမြောင်းဒေသခံ ကျေးရွာလူကြီး တဦးက နိရဥရာသို့ အခုလို ပြောသည်။

“မနေ့ ညနေပိုင်းက လယ်တဲ စောင့်နေတဲ့ မောင်စိုးဝင်းဆိုတဲ့ ကောင်လေး တစ်ယောက်ကို မွတ်ဆလင်တွေက ဂျင်ဂလိတွေနဲ့ တိုက်ခို်က်တဲ့ အတွက် ဒဏ်ရာ ပြင်းထန်စွာ ရသွားတာကြောင့်  မင်းပြားမြို့နယ်ဆေးရုံကို တင်လိုက်ရတယ်။” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပန်းမြောင်းကျေးရွာရှိ ရဲနှင့် စစ်တပ်သို့ သွားရောက် တိုင်ကြားခဲ့ရာ အခင်းဖြစ်သည့် နေရာသို့ သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် ပန်းမြောင်မှ မင်းပြားမြို့သို့ စက်လှေဖြင့်သွားရာတွင်လည်း မြစ်ကမ်းဘေးရှိ မွတ်ဆလင် ကျေးရွာများမှ ဂျင်ဂလိ လေးဂွများဖြင့် တိုက်ခိုက်သဖြင့် သွားလာရေး အခက်အခဲ ဖြစ်နေကြောင်း ပန်းမြောင်းမှ ကျောင်းဆရာ တစ်ဦးက ပြောသည်။

“အခု ဒီမှာ ဖြစ်နေတာက ခရီးတစ်ခုသွားမယ်ဆိုရင် မလွယ်တဲ့ အခြေအနေကို ရောက်နေပါတယ်။ ကျွန်တော်တို့အခု မင်းပြားကို သွားဖို့တောင် တော်တော် အခက်အခဲ ဖြစ်နေပါတယ်။ မွတ်ဆလင်တွေက လမ်းကနေ စက်လှေတွေကို ဂျင်ဂလိတို့ လေးဂွတို့နဲ့ တိုက်ခိုက်တာတွေ ရှိတယ်။ တရားဥပဒေ စိုးမိုးမူက လုံးဝ မရှိဘူး ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ လုံခြံုရေး တပ်ဖွဲ့ ၀င်များသို့ အပ်နှံရန် အောက်တိုဘာလ ၃၁ ရက်နေ့ နေ့စွဲဖြင့် သက်ဆိုင်ရာက ကြေညာခဲ့ပြီး ရသေ့တောင် မြို့နယ်အတွင်းရှိ ကျေးရွာ တချို့တွင် လိုက်လံ သိမ်းဆည်းနေကြောင်း သိရသည်။

သို့သော် မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် သက်ဆိုင်ရာက ယနေ့အချိန်ထိ ဂျင်ဂလိ၊ လေးဂွများကို ဖမ်းဆီး သိမ်းဆည်းမူ မရှိသေးကြောင်း သိရသည်။

Most read this week