နယ်စပ်တွင် မြန်မာဘက်က တပ်အင်အား ဖြည့်တင်း

နယ်စပ်တွင် မြန်မာဘက်က တပ်အင်အား ဖြည့်တင်း
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံဘက်က အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ၀င်ရောက် ပစ်ခတ်မူကြောင့် မြန်မာအစိုးရ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး သုံးဦး ဖမ်းဆီးခံရသည့် ဖြစ်ရပ် ဖြစ်ပွားပြီးနောက် နယ်စပ်ဘက်သို့ မြန်မာ အစိုးရ တပ်ဖွဲ့ဝင်များ  ချီတက်နေကြသည်ဟု မျက်မြင် ကျေးရွာသားများက ပြောသည်။

MaungdawTroops-3

အခင်း ဖြစ်ပွားရာ မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၁ နှင့် ၅၂ အနီးတွင် ယခုအခါ  မြန်မာ စစ်သား အများအပြား ရောက်ရှိနေပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသော တပ်သား ၃ ဦးကို လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ GE ဆောက်လုပ်ရေး တပ်ဖွဲ့မှ တပ်ကြပ်ကြီး ခင်မိုးအောင်နှင့် တပ်သား နှစ်ဦးတို့ ဖြစ်ကြသည်ဟု ဆိုသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံထားရသည့် တပ်သား ၃ ဦးကို ဘင်္ဂလာဒေချ့် အာဏာပိုင်များက ရှာဖွေပြီး ပြန်လည် ပို့ဆောင်ရန် တောင်းဆိုထားကြောင်း စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောဆို သော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပါ။

ယမန်နေ့ ညနေက အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့၏ ပစ်ခတ်မူကြောင့် သေဆုံးသူသွားသူမှာ ဒေသခံများက လမ်းဗိုလ်ဟု ခေါ်သည့် စက်ပြင်ဆရာ ကျော်ကျော်ဝေ ဖြစ်ကြောင်း သိရသည်။

စက်ပြင် ဆရာကျော်ကျော်ဝေနှင့် အဖွဲ့သည် လမ်းလုပ်ပြီး မော်တော်ဆိုင်ကယ် နှစ်စီးနှင့် အပြန်တွင် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်၍ ကျော်ကျော်ဝေမှာ အဆိုပါနေရာ၌ ပွဲချင်းပီး သေဆုံးကာ တပ်ကြပ်ကြီး ခင်မိုးအောင်နှင့် နောက်ထပ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

Most read this week