CNF Public Consultation Organizing Committee ဦးဆောင်မှုဖြင့် CNF အဓိပတိကောင်စီ ၀င် ဒေါက်တာ ဆလိုင်း လျန်မှုန်ဆာ ခေါင်း သည် ချင်းပြည်နယ် ထန်တလန်မြို့တွင် လူထု တွေ့ဆုံ ပွဲပြုလုပ်နေကြောင်း သိရသည်။
“ နို၀င်ဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီကနေ Diamond Jubilee Hall မှာ လူထု တွေ့ဆုံပွဲ လုပ်တယ်၊ ဒေသခံ လူထု ရ၀၀ ခန့်ပါ၀င်တက်ရောက်တယ်” ဟု CNF Public Consultation Organizing Committee Coordinator Salai SiangCungBik က ပြောသည်။
အလားတူ ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်းသည် ချင်းပြည်နယ်မြို့တော်ဟားခါးတွင်လည်း အောက်တိုဘာ ၃၁ ရက်နေ့မှ စပြီး နို၀င်ဘာ ၂ ရက်နေ့အထိ လူထုတွေ့ဆုံပွဲ များပြုလုပ် ခဲ့ပြီးဖြစ် သည်။
“သူ ပြုစုထုတ်ဝေထားတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖက်ဒရေဆိုင်ရာကို ပို့ချတယ်၊ ပါ၀င် တက်ရောက်သူများတယ်” ဟု ဟားခါးမြို့မှ ဒေသခံ မြို့မိမြို့ဖ တဦးက ဆိုသည်။
ထို့အပြင် ချင်းပြည်နယ်မှတဆင့် CNF အခြေစိုက်ရာ အိန္ဒိယ – မြန်မာနယ်စပ် သို့သွားရောက် ဖွယ်ရှိ ကြောင်း ပြောကြ သည်။ ချင်းတောင်သို့ရောက်ရှိစဉ် ကလေး၊ ဟားခါး၊ ထန်တလန်လူထုမှ သောင်းသောင်းဖျဖျကြိုဆိုကြကြောင်း သိရ သည်။
ဒေါက်တာလျန်မှုန်ဆာခေါင်းသည် Myanmar Egress and Peace Research Institute Oslo ကနေ ကမကထပြုပြီး အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ The Seminar on Will Democracy Bring Peace to Myanmar ကို တက် ရောက်ဖို့ မြန်မာပြည်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ Seminar တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ တိုင်းရင်းသားတွေရဲ့ အစ်ရှူးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေအားလုံး ကျေနပ်မှုရစေမယ့် အရာတွေကို ထပ်တိုးလုပ်ဆောင်သင့်တဲ့ အကြောင်း ရေးသားထားတဲ့ စာတမ်း (The 2008 Constitution and Ethni Issues: To What Extend did It Satisfy the Aspiration of various Ethnic Groups?) ကို ဆွေးနွေးခဲ့သည့်အပြင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း နဲ့လည်း တွေ့ဆုံခဲ့သည်။