အစိုးရတပ်က KIA တပ်မဟာ ၅ နယ်မြေသို့ စစ်လက်နက်နှင့် အင်အား တိုးချ

အစိုးရတပ်က KIA တပ်မဟာ ၅ နယ်မြေသို့ စစ်လက်နက်နှင့် အင်အား တိုးချ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အရှေ့ဘက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျောက်ရှိ ကချင်ပြည်လွတ်လပ်ရေးတပ်မ တော် (KIA) တပ်မဟာ (၅) နယ်မြေသို့ မြန်မာ အစိုးရတပ်မှ စစ်လက်နက် ပစ္စည်းများနှင့်တပ်ဖွဲ့ဝင်အင်အား များ တိုးချဲ့နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ပေါ်တွင် လုံခြုံရေးယူနေတဲ့ မြန်မာအစိုးရတပ်များ။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် ည ၁၀ နာရီချိန်က အစိုးရ၏ ခြေလျင်တပ်ရင်း (ခလရ) ၁၀၅ တပ်အခြေစိုက် သည့် ဂန်ဒေါင်ယန် (Gangdau Yang) စခန်းသို့ တပ်ဖွဲ့ဝင်အင်အား ၈၀ ကျော် ဖြည့်တင်းခဲ့သည်ဟု ဒေသခံများဆိုသည်။

အလားတူ မြန်မာအစိုးရတပ် ခလရ (၃၇) နှင့် ခြေမြန်တပ်ရင်း ခမရ (၃၈၉) တပ်ပေါင်းစု စစ်ကြောင်းသည် မြစ်ကြီးနား လေတပ်သို့ ကားဖြင့် ရောက်ရှိလာပြီး တာလောကြီးစခန်းသို့ နိုဝင်ဘာလ ၁ ရက်နေ့က စက်လှေဖြင့် ရောက်ရှိလာကြောင်းသိရသည်။

“အင်အား ၁၅၀ ကျော်တယ်။ တာလောကြီးစခန်းဖက်ကို ပြန်ဖြည့်တယ်ထင်တယ်။ မနေ့ညက ဂန်ဒေါင်ယန်ဘက်သို့ ပြန်ဖြည့်လာတယ်။” ဟု ရှေ့တန်းမှ KIA အရာရှိတဦးက KNG ကချင်သတင်းဌာန သို့ုပြောသည်။

ထို့အပြင် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး မန်မော် (ဗန်းမော်) ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် တာခေါ်ခ (တာပိန်) ရေအားလျှပ်စစ် လုံခြံုလုံရေးယူထားသည့် မြန်အစိုးရတပ်အင်အား ၁၀၀ ကျော်နှင့် KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) တို့ နိုဝင်ဘာ ၂ ရက်နေ့ ၆ နရီခွဲ အချိန်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မြစ်ရဲ့ ဟိုဘက်ဒီဘက်ကနေ ပစ်ကြတာ။ ၃ မိနစ်လောက်ပစ်ပြီး ကျွန်တော်တို့ဘက်က ၆၀ မမ နဲ့့ ပြန်ပစ်လိုက် တဲ့ချိန် သူတို့ဘက်က ငြိမ်သွားတယ်။” ဟု ရှေ့တန်းမှဆိုသည်။

မြန်မာအစိုးရက တဖက်က ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်း ထားချိန် တစ်ဖက်က KIA နယ်မြေများသို့ စစ်အင်အားနှင့် လက်နက်များ တိုးချဲ့နေခြင်းဖြစ်သည်ဟု ဒေသခံ တပ်မှူးများက ဆိုသည်။

Most read this week