ရှမ်းပြည် တိုက်ပွဲ အစိုးရတပ်နှင့် KIA နှစ်ဖက် ကျရှုံးမှုရှိ

ရှမ်းပြည် တိုက်ပွဲ အစိုးရတပ်နှင့် KIA နှစ်ဖက် ကျရှုံးမှုရှိ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ(၄) လက်အောက်ခံ ကချင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် မြန်မာအစိုးရတို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ရှိကြောင်း သိရသည်။

ပန်ဆိုင်း ကေအိုင်အေ ပြည်သူ့စစ် တပ်ဖွဲ့များ။

ကချင်တိုင်းရင်းသား ဘာသာအရ MHH ဟုခေါ်သည့် ပြည်သူ့စစ်တပ်ခွဲ (၅) နှင့် အစိုးရတပ်တို့ ပန်ဆိုင်းတိုက် နယ်အတွင်းရှိ ဒုန်ဝေါ့ကျေးရွာတွင် ယမန်နေ့က ဖြစ်ပွားခဲ့ရာ အစိုးရဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် (၈) ဦးကျဆုံးကြောင်း KIA တပ်ဖွဲ့ ပန်ဆိုင်းဒေသခံ တပ်မှူး ဗိုလ်ဇော်ဆိုင်းက ပြောသည်။

သို့သော် ယင်းကိစ္စ သီးခြားအတည်ပြုချက် မရရှိသေးပါ။

အလားတူ KIA ဖက်မှ ဒုတပ်ကြပ် စင်ယူလဆန် (Tsin-yu La San) နှင့် တပ်သား ဂွန်နော် (Gun Naw) တို့ ကျဆုံးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အစိုးရတပ်ဘက်မှ အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၆၉)၊ (၁၃၂) နှင့် (၁၂၅) တပ်ဖွဲ့များ အပြင် မုန်းဘော် ပြည်သူ့စစ်၊ ဗိုလ်မွန်း ပြည်သူ့စစ်နှင့် ကွတ်ခိုင်ပြည်သူ့စစ် တပ်ဖွဲ့များ ပါ၀င်ကြောင်း သိရပြီး တိုက်ပွဲ ဖြစ်ပွားပြီး နောက် ယင်းတပ်ဖွဲ့များ ပန်ဆိုင်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

Most read this week