ကချင်လူငယ်များ ငြိမ်းချမ်းရေး အမြင်သဘောထား ဆွေးနွေးပွဲ ပြုလုပ်

ကချင်လူငယ်များ ငြိမ်းချမ်းရေး အမြင်သဘောထား ဆွေးနွေးပွဲ ပြုလုပ်
by -
ကချင်သတင်းဌာန

စစ်မှန်သည့် ငြိမ်းချမ်းရေးအမြင်သဘောထားနှင့် ပြည်သူလူထုအမြင်ဆွေးနွေးပွဲတစ်ခုကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်း ကချင်လူငယ်များ ဦးဆောင်၍ (Peace Of Life) ခေါင်းစဉ်ဖြင့် ဆွေးနွေး ဖလှယ်ခဲ့ကြောင်းသိရသည်။

nov_600_400
ယင်းဆွေးပွဲအား နိုဝင်ဘာ ၃ ရက် စနေနေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် “ဒီနေ့ဖြစ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်နေတယ်ဆိုတာတွေ။ တစ်ယောက်နဲ့တစ်ယောက် ရဲ့အမြင်တွေ သဘောထားတွေ ဆွေးနွေးဖလှယ်သွားတယ်။ ငြိမ်းချမ်းရေးရရှိဖို့ အရေးကြီးနေတယ်။ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာတွေကိုပါ ဆွေးနွေးသွားတယ်။” ဟု ဆွေးနွေးပွဲ ဦးဆောင်သူ နော်လီက KNG ကချင်သတင်းဌာန သို့ပြောသည်။

လွန်ခဲ့သည့် ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါ၀င်ခဲ့သူ ကချင်ကျောင်းသားခေါင်းဆောင် ကိုအောင်ဝါကလည်း “ငြိမ်းချမ်းရေးဟာ တရားမျှတမှုနဲ့အတူရှိရမယ်” ဟုဆိုသည်။

၎င်းဆွေးနွေးဖလှယ်ပွဲသို့ လာရောက်သူများကို ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် ပန်းချီ၊ ကာတွန်းများပြသပြီး ငြိမ်းချမ်းရေး သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

Pace Of Life ဆွေးနွေးပွဲတွင် ဒေသခံလူငယ်အများစုနှင့် ခရစ်ယာန်အသင်းတော်ဆရာ/မများနှင့် စုစုပေါင်း ၁၀၀ ကျော် ပါ၀င်တက်ရောက် ခဲ့ကြောင်းသိရသည်။

Most read this week