ရခိုင်ပဋိပက္ခအတွင်း သံသယ ရှိသူတွေကို စစ်တပ်ကခေါ်ယူ စစ်ဆေး

ရခိုင်ပဋိပက္ခအတွင်း သံသယ ရှိသူတွေကို စစ်တပ်ကခေါ်ယူ စစ်ဆေး
by -
နိရဥ္စရာ

များမကြာမီက ဖြစ်ပွားခဲ့တဲ့ ရခိုင် မတည်ငြိမ်မူ အတွင်း ကိုယ််တိုင် ကိုယ်ကျ ပါ၀င်ခဲ့တဲ့ သူတွေလို့ သံသယ ဖြစ်ခံရတဲ့ ရခိုင်အမျိုးသားတွေကို စစ်တပ်က ခေါ်ယူ စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။

Modern-transportation-Arakan
ခုလို မေးမြန်းခံရတဲ့ ကျေးရွာတွေ အထဲမှာ ယိုင်သည်၊ သံရွှင်ပြင်၊ သူရဲချောင်းရွာ၊ မဟာထီး စတဲ့ ကျေးရွာတွေ လည်း ပါ၀င်တယ်လို့ သိရပါတယ်။

ဒီကနေ့ နံနက်ကလည်း သံရွှင်ပြင်ကျေးရွာက ဦးအောင်ထွန်းဖြူ၊ ဦးပြည်သိန်းအောင်၊ ဦးထွန်းလင်းကျော် အပါအဝင် လူ (၆) ဦးကို စစ်တပ်က စစ်ဆေးစရာ ရှိတယ်ဆိုပြီး စစ်တပ်က ခေါ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

ခုလို ခေါ်ယူသွားပေမယ့် ဖမ်းဆီးတယ်လို့တော့ မပြောနိ်ုင်သေးကြောင်း မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ (ရတပ) ပါတီ ဒုဥက္ကဌ ဦးအေးမောင်သန်းက ပြောပါတယ်။

“ဖမ်းဆီးတဲ့ သဘောတော့ မဟုတ်ဘူး။ စစ်ဆေးစရာ ရှိတယ်ဆိုပြီး မနက် ခေါ်သွားတယ်။ ညနေပိုင်းပြန် လွှတ်လိုက်တယ်။ အဲသလိုမျိုးတော့ ကြားနေရတယ်။ ခေါ်ယူ စစ်ဆေးနေတဲ့ သဘောမျိုးတော့ တွေ့ရပါတယ်”  လို့သူက ပြောပါတယ်။

ခေါ်ယူ စစ်ဆေးခံရတဲ့ သူတွေကို ဘာတွေ မေးမြန်းတယ်။ ဘယ်လိုပုံစံမျိုးနဲ့ စစ်ဆေးတယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

အခုလို စစ်တပ်က ခေါ်ယူ စစ်ဆေးနေတဲ့ အပေါ်မှာ ဒေသခံ ပြည်သူတွေကတော့ သူတို့ရဲ့ လုံခြံုရေး အပါအဝင် ကျေးရွာတွေမှာ ဆက်လက် နေထိုင်ရေးနဲ့ ပတ်သက်လို့ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

အလားတူ ကျောက်တော်မြို့နယ် အတွင်းက ကျေးရွာ တချို့မှာ စစ်တပ်က ခေါ်ယူ စစ်ဆေးမေးမြန်းနေတာတွေ ရှိသလို ဒေသခံ အချို့ ရိုက်နက်ခံရတယ်လို့လည်း သိရပါတယ်။

Most read this week