အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ SSPP/SSA ရုံးဖွင့်မည်

အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ SSPP/SSA ရုံးဖွင့်မည်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟု လူသိများသည့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မ တော် SSPP/SSA က အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ရုံးဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

 Facebook)

“အဓိကကတော့ ခိုလမ်မှာ SSPP/SSA ရုံးဖွင့်ဖို့ သွားဆွေးနွေးတာ ဖြစ်တယ်။ တိုင်းမှူးတို့ဖက်ကလည်း သဘောတူတယ်။ နောက်ဆွေးနွေးဖြစ်တာက သွားလာရေးပေါ့။ တဖက်နယ်မြေထဲ ဝင်ရောက်မယ်ဆို ရင် ၃-၄ ရက် ကြိုတင်အကြောင်းကြားဖို့ပါ” ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ပြောသည်။

အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ SSPP/SSA ဖက်မှ စဝ်ခွန်ဆိုင်၊ စဝ်နော်လိတ်၊ စိုင်းကျော်ဝင်းနှင့် ဗိုလ်မှူး ခေးမောဝ်းတို့ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တည်ရှိရာ ခိုလမ်သို့ သွားရောက်ကာ တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊ G1 မျိုးထွဋ်လှိုင်၊ ဗိုလ်မှူးရဲရင့်ဝင်း၊ စရဖမှူး ဗိုလ်မှူးကောင်းကျော်တို့နှင့် ရုံးဖွင့်ရန် ဆွေးနွေးခဲ့ကြောင်း၊ စိုင်းကျော်ဝင်း က ရုံးထိုင်မည်ဖြစ်ကြောင်း ဆို၏။

“တာ့ဆမ်ပူး ကူးတို့ဆိပ်ကနေ ဖယ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖြစ်တယ်။ အစိုးရ ဖက်က မဖယ်ခိုင်းတော့ဘူး။ ခနောက်စိမ်း တူးဖော်ဖို့ ပါမစ်ကုန်နေတဲ့အတွက် သက်တမ်းတိုးဖို့ဘဲ ပြောတယ်။ ကျနော်တို့လည်း သက်တမ်းတိုးဖို့ တင်ထားပြီးပါပြီ” ဟု ဗိုလ်မှူး စိုင်းလ က ဆက်ပြော ပါသည်။

မြန်မာအစိုးရတပ်က SSPP/SSA ၏ နမ့်ပန်ချောင်း တာ့ဆမ်ပူး(ကူးတို့ဆိပ်) တပ်စခန်းအား နောက် ဆုတ်ဖယ်ရှားပေးရန် အောက်တိုဘာလ ကတည်းက ညွှန်ကြားထားသည်။

Most read this week