ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) ကိုယ်စားလှယ် အဖွဲ့နှင့် ရှမ်းပြည်နယ်အတွင်း အသစ်ဖွင့်လှစ်လိုက်သည့် အရှေ့ အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် မင်းနောင်တို့ ယမန်နေ့က တွေ့ဆုံ ကြကြောင်း SSPP ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ က ဆိုသည်။
“ကျနော်တို့ အဖွဲ့ဝင် (၅)ယောက်က မနေ့က တိုင်းမှုုးနဲ့ သွားဆွေးနွေး တယ်လေ၊ ခိုလံမှာ ရှိတဲ့ အရှေ့ လယ်ပိုင်း တိုင်းရုံး မှာပေါ့။ ရှမ်းပြည် အလယ်ပိုင်း လဲချားမြို့နဲ့ မိုင်းနောင်း မြို့ကြားမှာ ရှိတဲ့ ခိုလံမှာပါ။ အထွေထွေ အတွင်းရေးမှူး ခွန်ဆိုင်းက ဦးဆောင် ပါတယ်။ အဓိက ပြောဖြစ် တာက ဆက်ဆံရေးရုံး ထားရှိဖို့ ကိစ္စ ပါဘဲ။ တခြား ဘာမှ မပြောဖြစ် သေးပါဘူး” ဟု ဗိုလ်မှူး စိုင်းလ က ပြောဆိုသည်။
SSPP သည် အပစ်အခတ် ရပ်စဲ ပြီးနောက်ပိုင်း ခိုလန်၊ တောင်ကြီးနှင့် လာရှိူး မြို့များတွင် ဆက်ဆံရေးရုံး (၃)နေရာ ဖွင့်လှစ်ထားပြီး ဖြစ်သော်လည်း SSPP တပ်ဖွဲ့များ နေရာ ချထားရေးနှင့် ပတ်သက်၍ ယနေ့အထိ မဆွေးနွေးနိုင် သေးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထို့အပြင် မကြာခင်က SSPP မှတပ်သား (၅၀) ခန့်အား အစိုးရတပ်က ဖမ်းဆီးထားသည့်ကိစ္စနှင့်တပ်မိသားစု နေ ရာချထားရေး ကိစ္စကိုလည်း ပြန်လည်ဆွေးနွေးရန်ရှိ သေးကြောင်းဆိုသည်။ အဖမ်းခံရသူများသည် တပ်သားသစ် စုဆောင်းခြင်း မဟုတ်ကြောင်းနှင့် SSPP ဗဟိုဌာနချုပ်သို့ သွားရောက်စဉ် အဖမ်းခံရခြင်းဖြစ် သည်ဟုလည်း ပြောဆိုသည်။
http://www.mwdmedia.net/2012/10/blog-post_5522.html
“ကျနော်တို့ရဲ့ ဘော်တွေ ခရီးထွက် နေတုန်း ဖမ်းလိုက် တာပါ။ ကျနော်တို့ တပ်ဖွဲ့တွေက မိုင်းမ ဂွင်ကနေ ၀မ်ဟိုင်းဖက် ခရီး ထွက်နေတုန်း ဖမ်းလိုက် တာဖြစ်ပါတယ်။ သင်တန်း ပေးနေတာလည်း မဟုတ် ပါဘူး။ သေနတ် (၁) လက် ပဲ ပါသွားတယ်၊ ကျန်တဲ့လူတွေက လက်နက် မဲ့လည်း ဖြစ်တယ်လေ။ ၀မ်ဟိုင်း ဗဟိုဖက်ကို ကူးလာ နေရင်းနဲ့ လမ်းတဝက်မှာ ဖမ်းလိုက်တာပါ။ ဒီကိစ္စကို ကျနော်တို့ ဘက်က တိုင်ကြားဖို့ ရှိပါတယ် ခင်ဗျ” ဟု ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2220-sspp-----...
အစိုးရတပ်က SSPP အားရာဇသံပေးပြီး တပ်ဆုတ်ခိုင်းခြင်း၊ ကြိုတင် အကြောင်းမကြားဘဲ တမင် တိုက်ခိုက် ခြင်း၊ SSPP တပ်ဖွဲ့ဝင်များအား ဖမ်းဆီးခြင်းများပြုလုပ်နေသလို ရှမ်းပြည် မြောက်ပိုင်း မိုင်းမဂွင်အတွင်း SSPP အား လိုက်လံ တိုက်ခိုက် ခြင်းများ ပြုလုပ်နေကြောင်း SSPP ဘက်က ပြောဆိုသည်။ ထို့အတူ SSPP တပ်မိသား စု နေရာချရေးနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အား တင်ပြ ထားသော်လည်း အစိုးရ၏ အစီအစဉ်ကို လက်ခံမှသာ နေရာ ချပေးမည့် သဘော ဆောင်နေသည်ဟုလည်း ဆိုသည်။