ရခိုင်ဒုက္ခသည် ၃၀၀၀ ခန့် မြောက်ဦး ဘုန်းတော်ကြီးကျောင်းများတွင် ခိုလုံ

ရခိုင်ဒုက္ခသည် ၃၀၀၀ ခန့် မြောက်ဦး ဘုန်းတော်ကြီးကျောင်းများတွင် ခိုလုံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မြောက်ဦးမြို့နယ် ကျေးရွာ တချို့မှ ပြည်သူ ၃၀၀၀ ခန့် မြောက်ဦးမြို့ပေါ် ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလုံနေသည်ဟု သိရသည်။

 BBC Burmese
“ပုရိန်ကုန်း၊ ယိုင်သည်နဲ့  ကျောက်တွင်းကုန်းကျေးရွာတွေက ဒုက္ခသည်တွေ ဖြစ်ပါတယ်။ စုစုပေါင်း ၂၀၀၀ ကျော် ၃၀၀၀ နီးပါးခန့် ရှိနေပါတယ်။ အဲဒီရွာတွေက မူဆလင် ရွာတွေနဲ့ နီးတော့ လုံခြံုရေး စိတ်မချရတဲ့ အတွက် မြို့ပေါ်ကို ပြောင်းရွှေ့လာကြတာပါ” ဟု အလိုတော်ပြည့် ကျောင်းဆရာတော် ဦးတေဇောသာရက ပြောသည်။

ရခိုင် ဒုက္ခသည် ၈၀၀ ခန့်မှာ အလိုတော်ပြည့်ကျောင်းတွင် နေရာချထားပြီး ကျန် ဒုက္ခသည်များကို ရွှေဂူတောင် ကျောင်း၊ အောာင်ရတနာ ကျောင်း၊ လက်ကောက်စျေး ကျောင်းနှင့် ရွှေကြာသိမ် ကျောင်းများ တွင် နေရာချပေးထားကြောင်း ဆရာတော်က မိန့်ကြားသည်။

“အခုကတော့ တိုးတက်ရေး ပါတီနဲ့ ကြံ့ခိုင်ရေးက ဆန်တွေ ကူညီတာ ရှိသလို အင်းပေါက်ဝကလည်း ကျပ် ၁၀  သိန်း ကူညီတာကို ဦးဇင်းတို့ လက်ခံရရှိပါတယ်။ အစိုးရပိုင်းနဲ့ နိုင်ငံတကာက အကူအညီတွေတော့ မရသေးပါဘူး။ အကူအညီတွေတော့ လိုအပ်နေပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

မြောက်ဦးမြို့နယ်တွင် အခြေအနေ တည်ငြိမ်နေသော်လည်း နောင်တွင် ပြဿနာများ ဆက်ဖြစ််လာမည်ကို အများက စိုးရိမ်နေကြသည်ဟု သိရသည်။

မြောက်ဦးမြို့နယ်တွင် ပုရိန်၊ ယိုင်သည်၊ နာဂရာ စသည့် ကျေးရွာများတွင် ရခိုင်နှင့် မွတ်ဆလင်များ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး လူအသေအပျောက်များလည်း ရှိခဲ့ကြောင်း သိရသည်။

Most read this week