ရခိုင် တိုက်ခိုက်မှု နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားသူ ရှိနိုင်ဟု ALD သံသယဖြစ်

ရခိုင် တိုက်ခိုက်မှု နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားသူ ရှိနိုင်ဟု ALD သံသယဖြစ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွားလာသည့် ဆူပူ အကြမ်းဖက် တိုက်ခိုက်မူများတွင် နိုင်ငံခြား အဖွဲ့အစည််းတချို့က နောက်ကွယ်မှ ကြိုးကိုင် လူပ်ရှားနေသည်ဟု သံသယ ဖြစ်မိကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်သည်။

ALD-statement-10-29-2012
“အခု ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာမှာ   ပြည်ပ အဖွဲ့အစည်းတွေက နောက်က အားပေး အားမြောက်ပြုနေ တယ်လို့ ယူဆတဲ့ အတွက် အခုလို ကျေညာချက် ထုတ်ပြန်ရတာပါ” ဟု ALD ပါတီ အတွင်းရေးမှူး ဦးမျိုးကျော်က ဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ALD ၏ ကျေညာချက်တွင် အချက် (၆) ချက်ပါရှိသည့်အနက် နံပတ် (၃) အချက်၌ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ စတင် ဖြစ်ပွားလာသည့် အခြေအနေများကို ကြည့်ခြင်းအားဖြင့် ပြည်ပ နိုင်ငံခြား အဖွဲ့အစည်းများ၏ ပယောဂကြောင့် ဖြစ်သည်ဟု ယုံကြည်ရန် အကြောင်း ရှိနေသည်ဟု ဖော်ပြထားသည်။

သို့သော် မည်သည့်အဖွဲ့ (သို့မဟုတ်) မည်သို့သော အဖွဲ့အစည်းဟု တိတိကျကျ ဖော်ပြထားခြင်း မရှိပါ။

မည်သည့်အတွက်ကြောင့် ယခုလို ယုံကြည်ရန် အကြောင်းရှိနေပါ သလဲဟု ဆက်လက် မေးမြန်းရာ ဦးမျိုးကျော်က ယခုလို ဆက်ပြောသည်။

“ဘာအတွက်လည်းဆိုတော့ ကျွန်တော်တို့ အခု ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို ပြန်လည် သုံးသပ်ကြည့်ရင် ဖြစ်စဉ်တွေဟာ တူညီနေတာကို တွေ့ရတယ်။ မြေပုံနဲ့ ကျောက်ဖြူမြို့ ဖြစ်စဉ်တွေဟာ အချိန်ကိုက် တိုင်ပင်ကိုက် လူပ်ရှားလာတာတွေ  ဖြစ်ပါတယ်။ နောက်တစ်ခါ အိုအိုင်စီ မဝင်ရလို့ ပိတ်လိုက် တယ်ဆိုတာနဲ့ ဆက်စပ်ဖြစ်လာတဲ့ အတွက် ဒါဟာ ပယောဂ ပါလာတယ်ဆိုတာကို တွက်ချက်လို့ ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါတွေကို မပြုလုပ်ကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည််။

ထို့အပြင် မြန်မာနိုင်ငံသည် ယခုအခါ ဒီမိုကရေစီ အသွင်ကူးပြောင်းရန် ပြုပြင် ပြောင်းလဲမူများ ပြုလုပ်နေသည့် ကာလဖြစ်ရာ ဤပဋိပက္ခ ပိုကျယ်ပြန့်လာခြင်းက ပြောင်းလဲမူ ဖြစ်စဉ်များအား အဟန့်အတား အနှောင့်အယှက် ပိုဖြစ်စေနိုင်သည်ဟုလည်း ကြေညာချက်က ဆိုသည်။

Most read this week