ထွက်ပြေးလာသည့် လူ၂၀၀၀ ကျော် မောင်တော မြောက်ပိုင်းတွင် နေရာချထားမည်

ထွက်ပြေးလာသည့် လူ၂၀၀၀ ကျော် မောင်တော မြောက်ပိုင်းတွင် နေရာချထားမည်
by -
နိရဥ္စရာ

ယခု ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသည့် ဘင်္ဂလီ လူမျိုး ၂၀၀၀ ကျော်ကို မောင်တောမြို့နယ် မြောက်ပိုင်း ဒေသများတွင် နေရာချထားရန် စီစဉ်နေသည်။

မောင်တောမြို့မှ ယမန်နေ့နံနက်က ပစ္စည်းများပြောင်းရွေ့နေစဉ်။
နယ်စပ်ဒေသ ကွပ်ကဲရေး နစက အဖွဲ့မှ ကွပ်ကဲရေးမှူ၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ ဒေသခံ တပ်မှ တပ်ရင်းမှူးအဆင့်ရှိသူ တဦး အပါအဝင် မြို့မိ မြို့ဘ (၇) ဦးတို့ အောက်တိုဘာလ (၂၈) ရက်နေ့က မောင်းတောမြို့တွင် အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တောင်ပြိုမြို့နယ်ခွဲ လိပ်ရကျေးရွာအုပ်စုအတွင်း နေရာချထားပေးရန် ဆုံးဖြတ်ခဲ့သည့် အပေါ် မောင်တောဒေသခံ အများစုက လက်မခံလိုကြသော်လည်း အခြေအနေပေါ် မူတည်၍ လက်ခံလိုက်ရကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့်  မြို့မိမြို့ဘ တဦးက အခုလို ပြောသည်။

“ဒီနေ့ မနက်က သူတို့ကို လက်ခံ မခံဆိုတဲ့ကိစ္စကို အာဏာပိုင်တွေ မြို့မိမြို့ဘတွေနဲ့ ဆရာတော် ကေတုကျောင်းမှာ ဆွေးနွေးကြတယ်။ ဘယ်သူမှလက်ခံဖို့ သဘောမတူဘူး။ ကွပ်ကဲရေးမှူးကလည်း လက်ခံဖို့ဆန္ဒမရှိဘူး။ နောက်ပိုင်းမှာ ဖြေရှင်းဖို့ကောင်းသွားအောင် ပြည်နယ်ဝန်ကြီးချုပ်ကလည်း လက်ခံဖို့တိုက်တွန်းတဲ့အတွက် လက်ခံဖို့ဖြစ်သွားတယ်”

ထို့အပြင် လူ့အွင့်အရေး ကိစ္စအပါအဝင် နိုင်ငံတကာမှ အမြင်ရှင်းစေရန် စသည့် အချက်များပေါ် မူတည်၍ လက်ခံလိုက်ခြင်းဖြစ်သည်ဟု မောင်တောမြို့ခံ တဦးက ပြောသည်။

ကျောက်ဖြူဘက်မှ စက်ေှများဖြင့်ထွက်ပြေးလာသူများအား ယမန်နေ့က ကျောက်ပန်းတူ ကျေးရွာတွင် နေရာချထားရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် လိပ်ရကျေးရွာသို့ ပြောင်းရွှေ့ ချထားရန် စီစဉ်ခဲ့သည်။

လောလောဆယ် လိပ်ရ ကျေးရွာသို့ ရောက်ရှိနေသူပေါင်း ၂၀၀၀ ကျော်ခန့်ရှိပြီး အချို့အား ရေကြောင်းမှ စက်လှေများဖြင့် ပြောင်းရွှေ့ခဲ့သလို အချို့မှာ ကားများဖြင့် ပြောင်းရွှေ့လာကြောင်း သိရသည်။

Most read this week