ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစောမောင်ကွယ်လွန်

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစောမောင်ကွယ်လွန်
by -
နိရဥ္စရာ

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) အတွင်းရေးမှူး ဦးစောမောင်သည် စစ်တွေ နေအိမ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့က ကွယ်လွန် အနိစ္စရောက်သွားကြောင်း သိရှိရသည်။

ဦးစောမောင်အား ယနေ့ (အောက်တိုဘာ ၂၇ ရက်နေ့) တွင် စစ်တွေ တွင် သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

“ ဦးစောမောင်ဟာ တိုင်းပြည် လူမျိုးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ လုုပ်ဖေါ်ကိုင်ဘက် ရဲဘော်ကောင်း တစ်ဦးဖြစ်ပါတယ်။ ခုသူကွယ်လွန်တာဟာ ကျွန်တော်တို့ အတွက်ရော၊ သူရဲ့ လုပ်ဖေါ် ကိုင်ဘက်တွေ အတွက်ရော၊ ရခိုင်ပြည်သူတွေ အတွက်ပါ ကြီးမားသော ဆုံးရှံုးမူ တစ်ရပ် ဖြစ်ပါတယ်” ဟု အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

ယနေ့တွင် ပါတီ ဥက္ကဌ ဦးအေးသာအောင်သည် ဦးစောမောင် အသုဘအား လိုက်ပါ ပို့ဆောင်ရန် အတွက် ရန်ကုန်ကနေ စစ်တွေသို့ လေယာဉ်ဖြင့် ထွက်ခွာသွားသည်ဟု သိရသည်။

ဦးစောမောင် ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

( ဦးစောမောင် ကွယ်လွန်သွားမူ အပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ သူ၏ လုပ်ဖေါ်ကိုင်ဘက်များ အပါအဝင် ကျန်ရစ််သူ  မိသားစုများနှင့် ထပ်တူ ၀မ်းနည်းရပါကြောင်း နိရဥ္စရာ သတင်းဌာနမှ မှတ်တမ်း တင် ဖေါ်ပြအပ်ပါသည်။)

Most read this week