ရခိုင်အရေး ပြတ်သားစွာ ဆောင်ရွက်ပေးရန် ရန်ကုန် ရဟန်းတော်များ တောင်းဆို

ရခိုင်အရေး ပြတ်သားစွာ ဆောင်ရွက်ပေးရန် ရန်ကုန် ရဟန်းတော်များ တောင်းဆို
by -
နိရဥ္စရာ

လတ်တလော ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ သမ္မတ အနေဖြင့် ပြတ်သားစွာ အရေးယူ ဆောင်ရွက် ပေးရန် ရန်ကုန်တွင် ယမန်နေ့က ပြုလုပ်သည့် ဆန္ဒပြပွဲ၌ ရဟန်းတော်များက တောင်းဆိုခဲ့ကြသည်။

ယမန်နေ့ နေ့လည် ၁နာရီ အချိန်က ဆူးလေဘုရား၌ ဆုတောင်း မေတ္တာပို့ခဲ့ကြပြီးနောက် မြိ့တော်ခန်းမရှေ့တွင် ပြုလုပ်သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ၌ ရဟန်းတော် ၁၀၀ ခန့်က တောင်းဆိုချက် (၅) ချက်နှင့် အတူ သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
Buddhist-monks-protest-stop-killing-ethinic
တောင်းဆိုချက်များထဲတွင် ရခိုင်လူမျိုးများအား ဘင်္ဂလီရန်မှ ကာကွယ်ပေးပါ၊ စစ်တပ်မှ တိုင်းရင်းသားလူမျိုးများအား ပစ်ခတ် သတ်ဖြတ်ခြင်းကိုရပ်၊ ဘင်္ဂလီမူဆလင်များနှင့် အတူယှဉ်တွဲ (လုံးဝ) မနေလို၊ သမ္မတဦးသိန်းစိန််မှ ရခိုင့်အရေးကို ပြတ်သားစွာ ဆောင်ရွက်ပါ။ စသည်တို့ ပိုစတာများ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့သည်။

“ဦးဇင်းတို့တောင်းဆိုတာက နိုင်ငံတော်အစိုးရကနေပြီးတော့ ရခိုင်လူမျိုးတွေရဲ့ အသက် အိုးအိမ်တွေကို ချက်ချင်း ကာကွယ်ပေးပါ။ ပြီးတော့ အခုပြဿနာက ကျူးကျော်သူ ဘင်္ဂလီ မူဆလင် တွေကြောင့် ဖြစ်တဲ့အတွက် ပြည်ထောင်စု တိုင်းရင်းသားအားလုံး ဒီကိစ္စ အပေါ် တောင်းဆိုဖို့ လိုတယ်လို့  ဦးဇင်းတို့ မြင်တဲ့ အတွက် ခုလို ပြုလုပ်ရတာဖြစ်ပါတယ်”  ဟု ဦးဆောင် ဆရာတော်မှ မိန့်ကြားသည်။

ယခု အရေးအခင်းတွင် စစ်တပ်က ပစ်ခတ်၍ ရခိုင်လူမျိုးများ သေဆုံးနေမူကြောင့် စိတ်မကောင်း ဖြစ်ရကြောင်း၊ ယခုလို ပစ်ခတ်သတ်ဖြတ်နေမူကို အမြန်ဆုံး ရပ်တန့်လိုကြောင်း ဦးဆောင် လူငယ် တစ်ဦးဖြစ်သူ ကိုစစ်ငြိမ်းက ပြောသည်။
Buddhist-monks-protest-stop-killing-ethinic-Burma
“ကျနော်တို့ အစိုးရကို တောင်းဆိုချင်တာက အခုချက်ချင်း အကြမ်းဖက် ဘင်္ဂလီတွေရဲ့ရန်ကို ထိထိ ရောက်ရောက် ကာကွယ်ပေးဖို့။ နောက် ရခိုင်တိုင်းရင်းသားတွေကို စစ်တပ်က ပစ်ခတ်နေတာကို အခု ချက်ချင်းရပ်တန့်ပေးဖို့။ နောက်ဆုံးတခုပြောချင်တာက တရားမဝင် လာရောက် နေထိုင်နေတဲ့ ဘင်္ဂလီတွေကို အမြန်ဆုံး မောင်းထုတ်ပေးပါလို့ ပြောချင်ပါတယ်”  ဟု ဆိုသည်။

ဆန္ဒပြပွဲတွင် ရန်ကုန်ရောက် ရခိုင်လူမျိုးအများအပြားပါ၀င်ပြီး တခြားတိုင်းရင်းသားလူမျိုးများလည်း ပူးပေါင်း ပါ၀င်ခဲ့ကြသည်။

ဆန္ဒပြပွဲအား တစ်စုံတစ်ရာ အနှောင့်အယှက် မရှိဘဲ  နေ့လည် ၂ နာရီခွဲခန့်တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

Most read this week