ဘင်္ဂလာဒေချ့်ဘက်က နယ်စပ် တပ်လှန့်ထား

ဘင်္ဂလာဒေချ့်ဘက်က နယ်စပ် တပ်လှန့်ထား
by -
နိရဥ္စရာ

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မတည်ငြိမ်မူများနှင့် အဓိဂရုဏ်းများကြောင့် ဘင်္ဂလာဒေချ့် အာဏာပိုင်များက နယ်စပ်တလျှောက် တပ်လှန့်ထားလိုက် ကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဇွန်လ အရေးအခင်း ဖြစ်ပွားစဉ်က နယ်စပ်ကို စောင့်ကြပ်နေကြစဉ်။
ကော့စ်ဘဇားခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်က မိမိတို့ အနေဖြင့့် မြန်မာနိုင်ငံ  ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော အခြေအနေများနှင့် မြန်မာနိုင်ငံသားများ မိမိတို့ နိုင်ငံအတွင်း တရားမဝင် ၀င်ရောက်ရန် ကြိုးပမ်းနေကြသည်ကို သိရှိပါကြောင်း၊ သို့အတွက် အုပ်ချုပ်ရေး အဖွဲ့မှ နယ်စပ် လက်နက်ကိုင် အဖွဲ့များသို့ တပ်လှန့်ထားပါကြောင်း သတင်းဌာနများသို့ ပြောကြားသည်။

ခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်သည် ရခိုင်တွင် အဓိဂရုဏ်းများ နောက်ထပ် တဖန်ဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မြန်မာနယ်စပ် မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော တက်ကနက်မြို့သို သွားရောက်၍ ဘင်္ဂလာဒေချ့် နယ်စပ် အရာရှိများ၊ နယ်ခြား စောင့်တပ်ဖွဲ့မှ အရာရှိများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တက်ကနက် ဒေသဆိုင်ရာ အဏာပိုင်များကလည်း ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ မွတ်ဆလင်များ ဘုတ်အစီး ၄၀ ဖြင့် ဘင်္ဂလာဒေချ့်သို့ ဦးတည် ထွက်ပြေးလာသည်ဟု သတင်းရရှိကြောင်း၊ သို့အတွက် ဘင်္ဂလာဒေချ့် နိုင်ငံသို့ ၀င်ရောက် မလာရေး အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေကြောင်း ပြောကြားသည်။

တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ( ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇာဟိန် ဟာဆန်ကလည်း ရခိုင်တွင်ဖြစ်ပေါ်နေသော အရေးအခင်းကြောင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များ ဘင်္ဂလာဒေချ့် နိုင်ငံ အတွင်းသို့ ၀င်ရောက်ကောင်း ၀င်ရောက်လာနိုင်သဖြင့် သူ၏ တပ်ဖွဲ့ကို တပ်လှန့် သတိပေးထားသည်ဟု ပြောဆိုသည်။

မြန်မာ မွတ်ဆလင်များ ဘင်္ဂလာဒေချ့်သို့ ၀င်ရောက်ရန် နယ်စပ်တွင် စုရုံးနေသည်ဟု သတင်းများ ရရှိကြောင်း၊ သို့သော်လည်း အတည်မပြုနိုင်ကြောင်း ဒုဗိုလ်မှူးကြီး ဟာဆန်က ဆက်ပြောကြားသည်။

နတ်ကျောက်ဆရီ အခြေစိုက် အမှတ် ၁၇ ဘီဂျီဘီ  တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခါလစ်ကွာဇမန်မှလည်း  မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေသောာ ခေါင်းတုံးဒေသမှ တရားမဝင် ၀င်ရောက် လာသော ဘင်္ဂလီ မွတ်ဆလင် ၄၃ ဦးကို မြန်မာနိုင်ငံဘက်သိုု့ ပြန်လည် ပို့ဆောင် ခဲ့သည်ဟု ဆိုသည်။

ယခုအခါ ကော့စ်ဘဇားမြို့တွင်လည်း မြန်မာဘက်က မတည်ငြိမ်မူများကြောင့် ရဲတပ်ဖွဲ့ အရာရှိများကို ယမန်နေ့က အစည်းအဝေး ခေါ်ယူခဲ့ပြီး သတိ အနေအထားနှင့် လုပ်ကိုင် ဆောင်ရွက်ကြရန် ရဲမင်းကြီး ဆလိမ်း အမ်း ဂျေဟင်ကြီးက ညွှန်ကြားထားသည်ဟု သိရသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘင်္ဂလာ အစိုးရ၏ အထောက်အပံ့ အကူအညီဖြင့် ကော့စ်ဘဇား (ခေါ်) ဖလောင်းချိတ််မြို့တွင် ရခိုင်အမျိုးသားများက ၀ါကျွတ််ပွဲတော်ကို အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

Most read this week