စစ်တွေတွင် ရခိုင် ကျောင်းသား သမဂ္ဂ ဆန္ဒဖေါ်ထုတ်

စစ်တွေတွင် ရခိုင် ကျောင်းသား သမဂ္ဂ ဆန္ဒဖေါ်ထုတ်
by -
နိရဥ္စရာ

စစ်တွေမြို့တွင် ရခိုင်ပြည် ကျောင်းသား သမဂ္ဂမှ ယနေ့ ဆန္ဒဖေါ်ထုတ်ပွဲ တစ်ရပ် ပြုလုပ်ရာ ကျောင်းသား ကျောင်းသူ ထောင်ချီ၍ ပူးပေါင်း ပါ၀င်ခဲ့သည်ဟု သိရသည်။

“ဒီနေ့ ကျွန်တော်တို့ မနက် ၉နာရီက လောကနန္ဒာကွင်းမှာ လူစုပါတယ်။ အဲဒီကတဆင့် မိမိတို့ ကျောင်းသားတွေ လိုအပ်ချက် စာတမ်းရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုယ်စီကိုင်ပြီးတော့ ပြည်တော်သာ ကနေ လမ်းမကြီးဘက် ထွက်တယ်။ အဲဒီကတဆင့် ဆရာတော် ဦးဥတ္တမပန်းခြံကို ချီတက်ပြီး မနက် ၁၀နာရီကျော် လောက်မှာ အဆုံးသတ်ခဲ့ပါ တယ်။ ဆန္ဒပြတဲ့ အထဲမှာ ကျောင်းသူ/သား စုစုပေါင်း ၁၀၀၀ ကျော် ပါ၀င် ဆင်နွဲခဲ့ပါတယ်” ဟု ရခိုင်ပြည် ကျောင်းသားများ သမဂ္ဂ အဖွဲ့မှ အမည်မဖေါ်လိုသည့် ဗဟိုကော်မတီ တဦးက နိရဥ္စရာသို့ ပြော သည်။
sittwe-protect
ကျောင်းသား အသီးသီး၌ မြန်မာ့ရိုးရာ ဆင်တူဝတ်စုံများဖြင့် ၀တ်ဆင်ကာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်ဟု ဆိုသည်။

ဆန္ဒထုတ်ဖေါ်ရာတွင် အဓိကအချက် (၅)ချက် တောင်းဆိုခဲ့ကြသည်ဟု ၄င်းက ဆက်ပြောပြသည်။

“ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီးသီးမှာ လိုအပ်လျှက်ရှိတဲ့ သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်း ပေးရန်၊ ခုဖွင့်လှစ်ဖို့ စီစဉ်လျှက်ရှိတဲ့ တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်ကို စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးဖို့၊ တက္ကသိုလ််ကျောင်းသား/သူများ စိတ်အေးချမ်းစွာနဲ့ ပညာသင်ယူဆည်းပူးနိုင်ဖို့ အတွက် ကျောင်းသွားရာလမ်းတစ်လျှောက်နဲ့ ပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာရှိတဲ့ ဘင်္ဂလီကျေးရွာတွေကို  အမြန်ဆုံးဖယ် ရှားပေးဖို့၊ တက္ကသိုလ်ကျောင်းအနီးမှာ လုံခြံုစိတ်ချရတဲ့ ကျောင်းသားကျောင်းသူများနေ ထိုင်နိုင်မယ့်အ ဆောင်များ အမြန်ဆုံးဆောက်လုပ်ပေးဖို့နဲ့  ပြည်နယ်အစိုးရအနေနဲ့ စျေးနှုန်းသက်သာတဲ့ ကျောင်းဖယ်ရီ ကား များကို ဆောက်ရွက်ပေးဖို့၊ တရားမဝင် ၀င်ရောက်နယ်မြေလုလာတဲ့ အကြမ်းဖက် ဘင်္ဂလီများနဲ့ အတူ တကွ ပညာသင်ကြားခြင်းက ရပ်တန့်ပေးဖို့တို့ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်” ဟုဆိုသည်။

ဆန္ဒပြချိန်အတွင်း လုံခြံုရေးများ အနည်းအကျဉ်းတိုးချထားသော်လည်း တစုံတရာ နှောင့်ယှက်မှုများ မရှိခဲ့ဟု သိရသည်။

စစ်တွေမြို့၌ လာမည့် အောက်တိုဘာလ (၂၆) ရက်နေ့တွင် အဝေးသင် တက္ကသိုလ် ကျောင်းသားများ စာမေးပွဲ ဖြေဆိုရန် ရက်သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများကြောင့် ၎င်းတို့၏ လုံခြံုရေး အပေါ် စိုးရိမ်နေကြကြောင်း လွန်ခဲ့သည့် အောက်တိုဘာလ ဆန်းပိုင်းက ပြောဆိုခဲ့ဖူးသည်။

Most read this week