ကျောက်ဖြူမှ ဘင်္ဂလီ စက်လှေ အစီး ၄၀ ကျော် ပင်လယ်ထဲ တိမ်းရှောင်

ကျောက်ဖြူမှ ဘင်္ဂလီ စက်လှေ အစီး ၄၀ ကျော် ပင်လယ်ထဲ တိမ်းရှောင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း ယမန်နေ့က တိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့မှ ဘင်္ဂလီ မိသားစု အများအပြားသည် စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးတိမ်းရှောင် သွားကြ သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“စုစုပေါင်း အစီးလေးဆယ်ကျော်နဲ့ ထွက်ပြေး တာပါ။ အခုဘဲ ထွက်ပြေးတာပါ။ ကျွန်တော်ထင်တယ် ပင်လယ်ပြင်ကို ဖြတ်ပြီး မောင်းတော့ ဘင်္ဂလာဒေချ့် အုန်းကျွန်းဘက်ကို ရောက်နိုင်တယ်။ မဟုတ်ရင် စစ်တွေ ဆံတော်ရှင် ကျွန်းဘက်ကို ရောက်သွားနိုင်ပါတယ်” ဟု သူက ပြောသည်။

အများစု မွတ်ဆလင် မိသားစုများမှာ ထွက်ပြေးသွားကြပြီး အနည်းစုသာ ကျန်နေခဲ့သည်ဟု သူက ပြောသည်။

“ အခုက ပိုက်ဆိပ်က မွတ်ဆလင်တွေ အများစု ထွက်ပြေးသွားတာပါ။ အနည်းစုက အိမ်ခြေ ၅၀၊ ၆၀ က လူတွေလောက်ဘဲ ကျန်နေခဲ့တယ်။ အာဏာပိုင်တွေကတော့ ဘာမှ လိုက်တားတာကို မတွေ့ရဘူး” ဟု သူက ဆိုသည်။

ယမန်နေ့က ကျောက်ဖြူတွင် ရခိုင်နှင့် ဘင်္ဂလီများ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး အိမ်ခြေ ရာချီ၍ မီးရှို့ခံခဲ့ရကာ သေဆုံးမူများလည်း ရှိခဲ့ကြောင်း သိရသည်။

“မွတ်ဆလင်တွေ ဘက်ကရော၊ ရခိုင်တွေဘက်က သေပါတယ်။ ဒဏ်ရာရတဲ့ သူတွေကလည်း  အများအပြား ရှိပါတယ်။ အခု ကျွန်တော် စာရင်းယူဖို့ ဆေးရုံကို သွားနေပါတယ်” ဟု ဆိုသည်။

Most read this week