ထောင်နှင့်ချီသည့် လူထု နေအိမ်များ စွန့်ခွာ ထွက်ပြေးနေ

ထောင်နှင့်ချီသည့် လူထု နေအိမ်များ စွန့်ခွာ ထွက်ပြေးနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် တနင်္ဂနွေနေ့မှ စတင် ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုများ ဆက်လက် ဖြစ်ပွားနေပြီး ထောင်နှင့်ချီသော ရွာသူ၊ ရွာသားများ ဘေးကင်း လုံခြံုရာသို့ထွက်ပြေးနေကြသည်ဟု သိရသည်။

မင်းပြား မွတ်လင် ပိုက်သည်ရပ်ကို အောက်တိုဘာ ၂၂ ရက် ညက မီးလောင်နေစဉ် (ဓါတ်ပုံ- နိရဥ္စရာ)
မြောက်ဦးမြို့ပေါ်သို့ ပြောင်းရွှေ့ ထွက်ပြေးလာကြသော ရခိုင် ကျေးရွာသားများမှာ ရွာဟောင်းတော၊ ကျောက်တွင်းကုန်း၊ မောင်တာကုန်း၊ ပီပင်ကုန်း၊ နန်းကျ၊ လောင်းကြက်တောင်မော်၊ ရှောက်ပုံကျွန်း စသည့် ကျေးရွာများဘက်မှ ဖြစ်ကြောင်း သိရသည်။

“မွတ်ဆလင်ရွာတွေနဲ့ နီးတဲ့ ရခိုင် ကျေးရွာတွေက လူတွေ မနေ့က စပြီး ပြောင်းရွှေ့လာကြပါတယ်။ အခုကတော့ လူတွေ ထောင်နဲ့ ချီပြီး မြောက်ဦးရောက်နေကြပါပြီ” ဟု ရှေးဟောင်း သုတေသန ဌာနမှူး (ငြိမ်း) ဆရာ ဦးကျော်ထွန်းအောင်က ပြောသည်။

ယင်းဒေသရှိ မွတ်ဆလင်များမှာမူ မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာသို့ ထွက်ပြေး သွားကြသည်ဟု သိရသည်။

“ပေါင်းတုတ် ကျေးရွာတို့၊ လက်မတို့၊ မနေ့က ပြဿနာ ဖြစ်ခဲ့တဲ့ သရက်အုပ်၊ နဂါရာ ရွာတွေက မွတ်ဆလင်တွေက ပုရိန်ကို ပြောင်းရွှေ့သွားကြပါတယ်။ သူတို့က ပုရိန်မှာ စုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုအခါ ပုရိန် အနားရှိ ရခိုင်ကျေးရွာများ ဖြစ်သော မောင်တာကုန်း၊ ပီပင်ကုန်း၊ ပရီကုန်း စသော ရခိုင်ရွာများအား ဘင်္ဂလီများက မီးရှို့မည် ဆိုသဖြင့် ယခုအခါ မြောက်ဦးဘက်မှ လူများသာမက တိမ်ညို၊ နကန်ဘက်မှ ကျေးရွာသားများလည်း အခင်းဖြစ်ပွားရာသို့ လိုက်ပါသွားကြသည်ဟု သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့က မြောက်ဦး ယိုင်သည်ရွာတွင် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး  ၎င်းနောက် ဇီးဇာသို့ ကူးစက်သွားကာ နောက်ဆုံး နဂကွေ့တွင် ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

တချိန်တည်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နိုက် တဘက်နှင် တဘက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားနေကြောင်း မြို့ခံ တဦးက အခုလို ပြောဆိုသည်။

“မွတ်လင်တွေက အဆင်သင့် လုပ်ထားတဲ့ မီးကွင်းတွေနဲ့ ပစ်တော့ ရခိုင်အိမ်တွေ အကြီးအကျယ် လောင်နေပြီ။ အခု မြင်နေရတယ်။ ပိုက်ဆိပ်မှာ ဖြစ်ပါတယ်။ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲလည်း ဖြစ်နေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယခုအခါ နေရာ အတော်များများတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေပြီး နှစ်ဘက် ရင်ဆိုင် တိုက်ခိုက်မူများ ဖြစ်ပွားခဲ့ရာ ရခိုင်ဘက်က (၆) ဦးဆေးရုံကို ရောက်ရှိလာကြောင်း သိရပြီး ဘင်္ဂလီများဘက်က ထိခိုက်မှုကိုမူ မသိရကြောင်း ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ရခိုင်လူမျိုးများနှင့် ဘင်္ဂလီများအကြား ဖြစ်ပွားနေသော အဓိကရုဏ်းအတွင်း ရခိုင်အမျိုးသား (၇) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားသူ (၁၁) ဦး အထိရှိပြီဟု နိရဥ္ဖရာက သတင်းရရှိပါတယ်။

Most read this week