မြေပုံရဲ့ နောက်ဆုံး အခြေအနေ

မြေပုံရဲ့ နောက်ဆုံး အခြေအနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီ မွတ်စလင်များ ဖြစ်ပွားနေသည့် အဓိကရုဏ်များနှင့် ပတ်သက်၍ မြေပုံမြို့တွင် ယနေ့  နံနက် ၁၁ နာရီအချိန် အထိ ဖြစ်ပွးနေသည့် အခြေအနေများကို မြေပုံမြို့ NLD အဖွဲ့ ၀င် ဒေါ်မပုချေအား နိရဥ္စရာက ဆက်သွယ် မေးမြန်းရာသူမက ယခုလို ပြောကြားသည်။

မေး။     ။ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေ သိပါရစေ။

ဖြေ။      ။ အခြေအနေ အရမ်းဆိုးနေပါတယ်။ အခု မွတ်ဆလင်တွေက တောင်ပေါ်ကို တက်ပြေးတယ်။ ရခိုင်တွေက တောင်အောက် ၀ိုင်းထားပါတယ်။

မေး။      ။ ဟုတ်ကဲ့။ အဲသလို ဖြစ်နေတော့ စစ်တပ်နဲ့ရဲက ၀င်ပြီး ထိန်းသိမ်းမူတွေ မလုပ်ဘူးလား။

ဖြေ။       ။ ဘာမှ မလုပ်ပါ။ အခုအချိန်ထိတော့ ဘာမှ လုပ်တာ မတွေ့သေးဘူး။

မေး။       ။ တပ်အင်အား မလောက်လို့လား။

ဖြေ။        ။ တပ်က အင်အား ၂၀ – ၃၀ လောက်ဘဲ ရှိတယ်လို့ သိရပါတယ်။ နောက်ထပ် တပ်ကူတွေတော့ ရောက်လာတယ်လို့ သိရပါတယ်။ အခု ဖြစ်တာက တပ်တွေ အချင်းချင်း ချိန်းနေတဲ့ အချိိန််မှာ ဖြစ်တယ်လို့ သိရပါတယ်။

မေး။        ။ အခု အသေအပျောက် ဘယ်လောက်ရှိနေပြီလဲ။

ဖြေ။         ။ ကြားရတဲ့ သတင်းကို ပြောရရင် မွတ်ဆလင်ဘက်က ၅ ဦးကျတယ်။ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦးလို့ သိရပါတယ်။ ရခိုင်ဘက်က ကောင်လေး တစ်ဦးကျတယ်လို့ ပြောပါတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဆေးရုံကိုလည်း လူနာတွေ ရောက်နေပါတယ်။ မြို့လယ်က ဓမ္မာရုံမှာတော့ နည်းနည်းပါးပါး ဒဏ်ရာ ရတဲ့သူတွေကို ကုသ ပေးနေပါတယ်။

မေး။         ။ ဘယ်က စဖြစ်တာပါလဲ။

ဖြေ။          ။ ညနေ ၆ နာရီကျော်မှာ မွတ်ဆလင်တွေက ရခိုင်အိမ်တွေကို စမီးရှို့ရာကနေ ဖြစ်တာပါ။ အဲဒီရပ်ကွွက်မှာ ရခိုင်နဲ့ မွတ်ဆလင် တစ်ဆောင်ခြား အဲသလို နေတာတွေ ရှိပါတယ်။ အဲဒီမှာ စမီးရှို့တာပါ။ အဲဒီနောက် တောင်ပေါ် ရပ်ကွက် တစ်လုံး မီးထဲ ပါသွားပါတယ်။ ရခိုင်အိမ်တွေလည်း နှစ်ဆယ် အစိတ်လောက် မီးထဲ ပါသွားပါတယ်။

မေး။          ။ နောက်ဆုံး အခြေအနေက ဘယ်လို ဖြစ်နေပါလဲ။

ဖြေ။           ။ အခု နယ်က ရခိုုင်တွေပါ လာပြီး အဲဒီတောင်ကို ၀ိုင်းထားပါတယ်။ မြို့ပေါ်က လူနဲ့ မနိုင်တဲ့ အတွက် နယ်ကလူတွေ လိုက်လာပြီ ၀ိုင်းထားတာ ဖြစ်ပါတယ်။ တိုက်ခိုက်မူတွေလည်း အခုထိ ဆက် ဖြစ်နေ ပါတယ်။

မေး။          ။ ပြဿနာက ပိုမိုဆိုးရွားမယ်ထင်ပါလား။ ပြေငြိမ်းသွားမယ် ထင်ပါသလား။

ဖြေ။           ။ မထင်ဘူး။ အခု အခြေအနေက တင်းမာနေပါတယ်။ တော်တော် ဒဏ်ရာ ရတဲ့သူတွေလည်း ရှိပါတယ်။

Most read this week