မောင်တောမြို့နယ် လူစုလူဝေး လုံခြံုရေး တပ်ဖွဲ့ဝင်များက သေနတ် ပစ်ဖောက် လူစုခွဲ

မောင်တောမြို့နယ် လူစုလူဝေး လုံခြံုရေး တပ်ဖွဲ့ဝင်များက သေနတ် ပစ်ဖောက် လူစုခွဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် ယမန်နေ့က လူစုလူဝေးဖြစ်လာသည့် အတွက် လုံခြံုရေး တပ်ဖွဲ့ဝင်များက သေနတ် မိုးပေါ် ပစ်ဖောက်ပြီးလူစု ခွဲလိုက်ရကြောင်း သိရှိရသည်။

မောင်းတောမြို့နယ် ဗောဓိကုန်းကျေးရွာ အနီးတွင် မွတ်ဆလင်များမှ လူစုရာမှ လူစုကွဲရန် စစ်တပ်မှ သေနတ် ၄ ချက် ပစ်ဖောက်ခဲ့ကြောင်း ကျေးရွာသား တဦးက ပြောသည်။

“ရွာနားမှာ နွားစားကျက်ရှိပါတယ်။ အဲဒီ နွားစားကျက်ကို မနေ့က ဘင်္ဂလီတွေပိုင်တဲ့ ကျွဲ၊ နွားတွေ အုပ်စု လိုက်ရောက် လာ ပါတယ်။ အဲဒါကို နစက က ကျွဲ နွားတွေကိုဖမ်းပြီး သူ့တို့ ကျွဲ နွားတွေကို လာယူဖို့ပြောတဲ့အချိန်မှာ သူတို့က အုပ်စုလိုက် လူစုပြီး အဲဒီနေရာကို လာတဲ့ အတွက် သေနတ် ၄ ချက် ခြောက်လှှန့်ပစ်ခတ်ပြီး လူစုခွဲလိုက်ပါတယ်”ဟု ဆိုသည်။

ယခင်က အဆိုပါ နွားစားကွင်းတွင် ဘင်္ဂလီကျွဲနွားနှင့် ရခိုင်ကျွဲနွားများအား အတူတူ လွှတ်ထား ခဲ့သော်လည်း အဓိဂရုဏ်း ပြဿနာ ဖြစ်ပြီး နောက်ပိုင်းတွင် လုံခြံုရေး အရ မွတ်ဆလင်များ ပိုင်ဆိုင်သော  ကျွဲနွားများကို အဆိုပါဗောဓိကုန်း ကျေးရွာအနီး စားကျက်သို့ မလာရန် ဟန့်တား ထားသည်ဟု သူက ဆက်ပြောသည်။

“ မနေ့က သူတို့ပိုင်တဲ့ ကျွဲ၊ နွားတွေ ရောက်တယ်။ တမင် လွှတ်တာလား၊ အလိုလိုရောက် လာတာ လားဆိုတာကို မသိရဘူး။ အဲဒီ ကျွဲနွားတွေကို ပိုင်ရှင်တွေ လာယူကြဖို့ နစက အရာရှိတွေက ပြောတော့  ဘင်္ဂလီ ၅၀ ခန့် စုဝေး လာကြတယ်။ ခွင့်ပြုချက်မရှိဘဲ အဲသလို လူစု လူဝေး လုပ်တော့ လုံခြံုရေး တပ်ဖွဲ့ဝင်တွေက ခြောက်လှန့်ပြီး  သေနတ်မိုးပေါ်ကို ထောင်ပစ်တယ်။ လူစုကွဲသွားတယ်။ သူတို့ပိုင်တဲ့ ကျွဲနွားတွေကိုလည်း ရွာဘက်ကို မောင်းထုတ် လိုက် ပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

အဆိုပါ ကိစ္စကို အမျိုးမျိုး ကောလဟလ ဖြစ်ပြီး လူများ ကြောက်ရွ့ံ မည်ကို စိုးရိမ်သဖြင့်  မောင်တောခရိုင် အုပ်ချုပ်ရေးမှူးမှ မောင်တောမြို့မှ မြို့မိ မြို့ဘများကို မနေ့က အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ်တွင် ယခုအချိန်ထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ခွင့်ပြုချက် မရှိဘဲ လူ (၅) ဦးထက် ပိုမစုရကြောင်း အမိန့်ထုတ်ထားကြောင်း သိရသည်။

Most read this week