OIC ကန့်ကွက်ပွဲ မင်းပြားတွင် ဆက်လက် ပြုလုပ်

OIC ကန့်ကွက်ပွဲ မင်းပြားတွင် ဆက်လက် ပြုလုပ်
by -
နိရဥ္စရာ

မြန်မာနိုင်ငံတွင် အစ္စမစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ရုံးဖွင့်ခွင့် ပေးမည် မဟုတ်ဟု အစိုးရက သတင်းထုတ်ပြန်ပြီးသော်လည်း ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယနေ့နံနက်က  ကန့်ကွက် ဆန္ဒပြပွဲများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။

မင်းပြားတွင် ဆန္ဒ ပြနေကြစဉ်။
ဆန္ဒပြပွဲကို မင်းပြားမြို့ လူမှုကူညီရေးအဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ရဟန်းသံဃာ ၁၀၀၀ ကျော် အပါအဝင် မြို့ပေါ် ပြည်သူများ သာမက နယ်မှ ပြည်သူများလည်း ပူးပေါင်းပါ၀င်ခဲ့ကြရာလူအင်အား  သိန်းဂဏန်းထိ ရှိခဲ့သည်ဟု ဦးဆောင် လှုပ်ရှားသူ ကိုရာကျော်က ပြောသည်။

အိုအိုင်စီ အလိုမရှိ ဟု ရေးသားထားသော တီရှပ် အကျီများကို ဆင်တူ ၀တ်ဆင် ထားကြပြီး “ရခိုင်ပြည်တွင် OIC NO အလို မရှိ။ စစ်တွေ- ရန်ကုန်ကားလမ်း နဘေးမှ ဘင်္ဂလီရွာများကို ရွှေ့ပြောင်း ပေးပါ ” ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့အပြင် “အိုအို်င်စီ မွတ်ဆလင် နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့ထားတာ။ သူတို့ဝင်လာရင် ရခိုင်ပြည် ပျက်မယ်။ ဒါကြောင့် ကန့်ကွက်တာ ဖြစ်ပါတယ်။ ဒီဘင်္ဂလီရွာတွေကတော့ စစ်တွေ- ရန်ကုန်ကားလမ်း ဘေးမှာ ရှိနေတော့ ခရီးသွားတဲ့ ကားတွေကို နှောင့်ယှက်တာတို့ တားဆီးတာတို့ ခဲတွေနဲ့ ပစ်တာတော့ ရှိတယ်။ ဒါကြောင့် ကားလမ်းဘေးက ရွှေ့ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟုလည်း ပြောဆိုသည်။

ဘင်္ဂလီ ကျေးရွာများက ယင်းသို့ နှောင့်ယှက်မှုများကို လွန်ခဲ့သည့် လပိုင်းအတွင်းက ပြုလုပ်ခဲ့ကြသော်လည်း လာလောဆယ် တစုံ တရာ နှောင့်ယှက်မှု မရှိတော့ကြောင်း သိရသည်။

ယနေ့ ပြုလုပ်သည့် ဆန္ဒပြပွဲကို မင်းပြားမြို့ စျေးဟောင်းပိုင်း ကမ်းနားလမ်း ဓမ္မာရုံမှစတင်ခဲ့ပြီး မြောင်းဘွေလမ်း၊ ဥက္ကာ ပျံလမ်း၊ တရားရုံးလမ်း၊ ရဲစခန်းရှေ့နှင့် ဦးကျော်ဦးလမ်းအတိုင်း ချီတက်ဆန္ဒပြခဲ့ပြီး ဓမ္မာရုံ သို့ ပြန်လှည့်လာကာ ဟောပြောပွဲပြုလုပ်၍ အဆုံးသတ်ခဲ့ကြသည်။

ဆန္ဒပြပွဲသို့ ယူနီဖေါင်းဝတ် ရဲတပ်ဖွဲ့ဝင်များက လက်နက်မဲ့ လာရောက် စောင့်ကြည့်ခဲု့ပြီး တစ်စုံတစ်ရာ ပြဿနာ မပေါ်ပေါက်ရအောင် ထိန်းသိမ်းပေးခဲ့ကြောင်း သိရသည်။

Most read this week