ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် မာဖရိုရှေ့ကျေးရွာအတွက် ကျပ်သိန်းတထောင် ချပေးမည်ဆိုသည့် အစီအစဉ်မှာ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းကို စံပြရွာအဖြစ် ဆောင်ရွက်ရန်ဖြစ်တယ်လို့ သိရပါတယ်။
အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းမှ သိမ်းထားသော မြေယာတွေအတွက် နှစ်နာကြေး ပေးခြင်းမဟုတ် ကြောင်းနှင့် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် မြို့နယ် (၇) မြို့နယ်အတွက် စံပြကျေးရွာ (၁) ရွာရွေးခြယ်ပြီး ကျေးရွာလိုအပ်ချက်တွေကို ဆောင်ရွက်ဖို့ ဖြစ် တယ်လို့ ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဦးကိုရယ်က ပြောပါတယ်။
“ဒီစံပြရွာဆိုတာက တခြားရွာလည်း တုလို့ရအောင် အစစအရာရာ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ပေးလိုက် တာပါ။ မာခရိုရှေ့က လမ်းဘေး လည်းဖြစ်နေတာမို့လို့ နောက်ကျရင် ဖွံ့ဖြိုးတိုး တက်လာလို့ရှိရင်မလှမပ တာတို့ရှိရင် တအားအောက် ကျနောက်ကျတယ် ဆိုတာမဖြစ် ရလေအောင် အဲဒါဦးစားပေးလိုက်တာ။ လမ်းလိုနေလား ရေလိုနေလား မီးလိုနေလား ဆိုတာကြည့်ပြီးတော့မှ ဒီသိန်း တထောင်ကိုသုံးစွဲဖို့ ပြည်သူကို ပေးတာ မဟုတ်ဘူး။နှစ်နာကြေး ပေးတာမဟုတ်ဘူး။ ပြည်နယ်အစိုးရရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းအစီအစဉ် ဖြစ်ပါတယ်”
တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့ ဖရူဆိုမြို့ နယ်ဘက်မှာ သွားရောက်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကက်သလစ် ဘုန်းတော်ကြီးတဦး၏ မေးမြန်းချက် ကိုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။
စံပြကျေးရွာအဖြစ် ဒေသဖွံ့ဖြိုးရေးပြုလုပ်ရန်အတွက် ဖရူဆိုမြို့နယ်အတွင်းတွင် မာဖရိုရှေ့ကျေးရွာ ဘောလခဲမြို့နယ်တွင် ဝမ်ပလ၊ ဖားဆောင်းမြို့နယ်တွင် ခဲမဖြူ၊ မဲစယ်မြို့နယ်တွင် ဘန်တိန်းကျေးရွာ၊ လွိုင်ကော်မြို့နယ်တွင် ပါလောင်းကျေးရွာ၊ ဒီမောဆိုနယ်တွင်းတွင် ဒေါတမကြီးနှင့် ရှားတောမြို့နယ် အတွင်းတွင် သီရိဒါးကျေးရွာဆိုပြီး ရွေးခြယ်ထားတယ်လို့ သိရပါတယ်။
စီမံကိန်းကို ပွင့်လင်းရာသီတွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီးလက်ရှိမှာ မြို့ပေါ်တွင် လမ်းတံ တားတွေ ပြုပြင်နေ တယ်လို့ ဝန်ကြီးဦးကိုရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
“တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အခုလောလောဆယ် လိုက်လုပ်နေသေးတယ်။ လမ်း၊ တံတားနဲ့ လိုအပ်တဲ့ ကျောင်းတွေကို လိုက်လုပ်နေပါသေးတယ်။ မပြတ်သေးဘူး အဲဒါတွေပြီးမှာ စီစဉ်ထားတယ်။”
ပြည်နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် လမ်း၊ တံတားနှင့် ကျောင်းတွေအတွက်ကို ဘတ်ဂျက် သန်းပေါင်း ၂သောင်းကျော်ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။