ဒီမိုကရေစီ အတွက် အနစ်နာ ခံခဲ့ရသူ လူငယ်များအား ဂုဏ်ပြုပွဲ ကျင်းပ

ဒီမိုကရေစီ အတွက် အနစ်နာ ခံခဲ့ရသူ လူငယ်များအား ဂုဏ်ပြုပွဲ ကျင်းပ
by -
ရွှေဟင်္သာ

ယနေ့ ကျရောက်သည့် ကမ္ဘာ့ လူငယ်များနေ့ အိမ်းအမှတ် အနေဖြင့် ဤဂုဏ်ပြုပွဲကို နယ်စပ်ရောက် မြန်မာ နိုင်ငံ ကျောင်းသား လူငယ်များ (SYCB) Students and Youth Congress of Burma) က ထိုင်းနိုင်ငံ နယ်စပ် တနေရာ၌ ကျင်းပ ခဲ့သည်ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ နော်ဆန်း က ဆိုပါသည်။ 

P_2wqwgtrfrxd_thumb_medium650_357
“ တက်ရောက်သူ ကတော့ (၅၀) ကျော်လောက် ရှိတယ်။ အဓိက ကတော့ လူငယ် အဖွဲ့အစည်း တွေကိုဘဲ ဖိတ်ထားတယ်။ ပြည်ပရောက် အလုပ်သမား တွေရဲ့ သားသမီးတွေ တက်ရောက်တဲ့ Post Ten ကျောင်းသား အဖွဲ့တွေကို ဖိတ်ပါတယ်။ (၁၀) ကျောင်းကျော် ရှိတယ်။ နောက်ပြီး တိုင်းရင်းသား လူငယ် အဖွဲ့တွေလည်း တက်ရောက်ကြပါတယ်” ဟု ဆိုသည်။

ဤပွဲသည် အာဏာရှင်များကို ဆန့်ကျင် တော်လှန်သည့် လူငယ်များ၊ ဒီမိုကရေစီနှင့် လူအခွင့်အရေး အတွက် တိုက်ပွဲဝင်ရင်း ဖမ်းဆီးညှဉ်းပမ်း နှိပ်စက်ခံရသူများနှင့် ထောင်ဒဏ် အပစ်ပေးခံရသူများကို ဂုဏ်ပြုသော အားဖြင့် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။ ကမ္ဘာ အရပ်ရပ်၌ ရှိသော လူငယ်များက အောက်တိုဘာလကို ရောက်တိုင်း world youth day for democracy ကို ကျင်းပ လာခဲ့ခြင်း ဖြစ်ပါသည်။

P_2wqwgtrfrxdဒီမိုကရေစီ အတွက် အနစ်နာ ခံခဲ့ရသူ လူငယ်များအား ဂုဏ်ပြုပွဲ ကျင်းပခြင်းသည် လွန်ခဲ့သည့် (၁၀) နှစ်ကျော်က ဒီမိုကရေစီ နှင့် လူအခွင့်အရေး လှုပ်ရှားမှုကြောင့် ထောင်တွင်း အကျဉ်းချ ခံရခြင်း နှင့် အမျိုးမျိုး ညှင်းပမ်း နှိပ်စက်ခံရမှုများ တောင်အာဖရိက နိုင်ငံမှ လူငယ်များအား စံထားရာက ဖြစ်လာခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဝင် လူငယ်များ အတွက် အသိအမှတ် ပြုသော အားဖြင့် ဆုတောင်းပွဲများ၊ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ခဲ့့ခြင်း ဖြစ်သည်။