မြန်မာ ၃ ဦး ယာဘားဆေးပြား ၄၀၀၀၀ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ

မြန်မာ ၃ ဦး ယာဘားဆေးပြား ၄၀၀၀၀ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ
by -
နိရဥ္စရာ

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် စိတ်ကြွမူးယစ်ဆေးခေါ် ယာဘားဆေးပြား ၄၀၀၀၀ ကျော်နှင့် အတူ မြန်မာနိုင်ငံသား (၃) ဦးကို စနေနေ့နံနက်က ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာ တာဝန်ရှှိသူများပြောသည်။

Yaba-Tablets
ယာဘား ဆေးပြားများကို ဘုတ်တစ်စီးဖြင့် ဘင်္ဂလာဒေချ့်ဘက်သို့ တင်သွင်းလာစဉ် နတ်မြစ်အတွင်း ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

“လျို့ဝှက် သတင်းအရ တက်ကနက်မြို့နယ် နာဆီယာ ပါရာ အနီးက နတ်မြစ်အတွင်း ဘုတ် တစ်စီးပေါ်ကို တက်ရောက် ရှာဖွေစဉ်မှာ ယာဘားဆေပြား ၄၀၀၈၈ နဲ့ အတူ မြန်မာနို်င်ငံသား ၃ ဦးကို ဖမ်းဆီးမိပါတယ်” ဟု တက်ကနက် အခြေစိုက် ဘီဂျီဘီ တပ်ရင်း အမှတ် (၄၂) မှ ဗိုလ်မှူး အမ်းဒီ ဆိုင်ဖူးလ် ရာဟမန်က ပြောသည်။

သူတို့ကို ယခုအခါ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်လိုက်ပြီဟု ဆိုသည်။

Most read this week