စစ်တွေမြို့ ဆူပူမှု သေနတ်ထောင်ဖောက်ပြီး လူစုခွဲ

စစ်တွေမြို့ ဆူပူမှု သေနတ်ထောင်ဖောက်ပြီး လူစုခွဲ
by -
နိရဥ္စရာ

အောက်တိုဘာလ ၁၂ ရက် သောကြာနေ့ ညနေ ၈ နာရီအချိန်ခန့်က စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်အတွင်း ၀ုိင်းအုံရောက်ရှိလာသည့် လူများ ဆူပူမှု ဖြစ်ပွားခဲ့ရာ  လုံခြံုရေးတပ်ဖွဲ့ဝင်များက သေနတ်မိုးပေါ် ထောင်ဖောက်၍ လူစုခွဲလိုက်ကြောင်း သိရသည်။

ညမထွက်ရ  အမိန့်ကို ညနေ ရ နာရီကနေ ၅ နာရီ အကြား သတ်မှတ်ထား တာကို  ညနေ  ၁၀ နာရီကနေ နံနက် ၄ နာရီ ထိ လျော့ချပြီးတဲ့  နောက်တစ်နေ့ မှာဘဲ အခုလို ဖြစ်ပွား ခဲ့တာပါ။

လူစုလူဝေး ဖြစ်ပွားလာရတဲ့ အကြောင်းကို စစ်တွေမြို့နယ်မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

“အင်ဘာလာထဲက ဘင်္ဂလီတွေက ညအချိန်မှာအတင့် ရဲပြီး လမ်းဟို ဘက်ဒီဘက်ကို အုပ်စု လိုက်ကူးကြ တယ်။  အဲသလို အုပ်စုလိုက်ဆိုတော့ သူတို့ မြို့ထဲဝင်လာတယ်ဆိုပြီး သတင်းဖြစ်သွားတယ်။  အဲဒါကို ရခိုင် တွေက သွားကြည့်တယ်။ အဲဒီအချိန်မှာ ဘင်္ဂလီတွေက မီးတိုင်တွေကို ခေါက်ပြီး ၀င်ပြေးသွားကြတယ်။ မီးတိုင်ခေါက်သံ ကြားတဲ့အတွက် ရခိုင်တွေက ဟိုကဒီက ၀ုိင်းအုံ လာရာကနေ လူစု လူဝေးဖြစ်သွားပါတယ်။”

လူစုလူဝေးဖြစ်လာတဲ့ အတွက် လုံခြံုရေးတပ်ဖွဲ့ဝင်တွေက သေနတ် အချက် ၂၀ ခန့် မိုးပေါ်ကို ထောင်ပစ်ပြီး လူစုခွဲ လိုက်ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က သတင်းတွေ ကို အချိန်မီ ဖော်ပြပေးနေတဲ့ Rakhine Straight Views သတင်းမှာ တော့  ရဟန်းတော် ၂ ပါး အပါအဝင် လူ ၄ ဦးနဲ့ ဆိုင်ကယ်တချို့လည်း အာဏာပိုင်တွေက ဖမ်းဆီး ထိမ်းသိမ်းထားတယ် လို့ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာတော့ အတည်မပြုနိုင်သေးဘူးလို့ ဦးအောင်မြကျော်က ပြောပါတယ်။

အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) မြန်မာပြည်ကိုဝင်လာမယ့်ကိစ္စ အပါအဝင် ဘင်္ဂလာဒေ့ချ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းတွေကို တိုက် ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်တွေမြို့ မှာ မနေ့က ဆန္ဒပြ ကန့်ကွက်ခဲ့တဲ့ ဟိန္ဒူနဲ့ မရမာကြီး အမျိုးသားတွေကို အောင်မင်္ဂလာရပ်ကွက်နေ မွတ်ဆလင်တချို့က  ခြိမ်းခြောက်မှုတွေ ရှိနေခဲ့တဲ့ အတွက်  နေ့လည်ဘက်ကတည်းက  ပြဿနာတချို့ ရှိနေခဲ့တယ် လို့ သတင်းတွေ ရရှိပါတယ်။

Most read this week