ကျပ်သိန်း တစ်ရာခန့် တန်ဖိုးရှိ မြန်မာအရက်များ (ဘီဂျီဘီ) တပ်ဖွဲ့ကဖမ်း

ကျပ်သိန်း တစ်ရာခန့် တန်ဖိုးရှိ မြန်မာအရက်များ (ဘီဂျီဘီ) တပ်ဖွဲ့ကဖမ်း
by -
နိရဥ္စရာ

မြန်မာ-ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံ နယ်စပ်မျဉ်း အဖြစ် ခြားထားသည့် နစ်မြစ်အတွင်း မြန်မာနိုင်ငံဖက်မှ တင်သွင်းလာသည့် ကျပ် သိန်း ၁၀၀ (တာကာ ၁၀ သိန်းတန်ဖိုး) ရှိ  အရက်နှင့် ဘီယာများကို ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့် (ဘီဂျီဘီ) တပ်ဖွဲ့မှ ကြာသပတေး နေ့က ဖမ်းဆီးလိုက်သည်။

teknaf-bgb

ကော့စ်ဘဇားထုတ် သတင်းစာ တစ်စောင်အရ အောက်တိုဘာလ ၁၁ ရက်နေ့ ည ရ နာရီအချိန်တွင် နစ်မြစ်ထဲမှ သစ်ဘုတ်တစီးကို တက်ရောက် ရှာဖွေစဉ် ဘီဂျီဘီတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဖမ်းဆီးရမိသော ပစ္စည်း အရေအတွက်မှာ ဘီယာ ၂၄၆၀ လုံး၊ ဒရိုင်းဂျင် ၁၀၇ လုံး၊ မြန်မာ့ရမ် ရ၂ လုံး တို့ ဖြစ်ပြီး ပစ္စည်း သယ်ဆောင်လာသူများ ထွက်ပြေးလွတ်မြောက်သွားသည်ဟု တာဝန်ရှိသူများက ပြောကြောင်း သတင်းတွင် ဆက်လက် ဖေါ်ပြသည်။

ထို့အပြင် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မြန်မာ-ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံနယ်စပ်အကြားမှ  ဖမ်းဆီးရမိသော  တာကာ ၃၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဘီဂျီဘီအမှတ် (၄၂) တပ်ဖွဲ့မှ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံ အကြား နယ်စပ် မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးပြီး သဘောတူညီမူ ရရှိခဲ့သော်လည်း နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပိုမိုတွင်ကျယ် လာသဖြင့် နှစ်ဘက်နိုင်ငံမှ နယ််စပ် အာဏာပိုင်များ အပေါ် သံသယ ဖြစ်နေကြာင်း သိရှိရသည်။

Most read this week