မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်မည့်ကိစ္စ မန္တလေး သံဃာများ ဆန္ဒပြ

မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်မည့်ကိစ္စ မန္တလေး သံဃာများ ဆန္ဒပြ
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံတွင် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး လာရောက် ဖွင့်လှစ်မည့် အပေါ် လက်မခံနိုင်သည့်အတွက် မန္တလေးမြို့ သံဃာတော် တထောင်ခန့်က ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ကန့်ကွက် ဆန္ဒပြခဲ့သည်။

ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို မန္တလေး ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဆုတောင်းပြည့်ဘုရား ဝင်းအတွင်း စုရပ်နေရာမှ စတင်စီတန်း လှည့်လည်ကာ ဦးပွားဘုရားမှ အနောက်ဖက်သို့ စစ်ကိုင်း မန္တလေးလမ်း၊ ထိုမှ မြောက်ဖက် ၄၂ လမ်းအထိ၊ ၄၂ လမ်းမှ အရှေ့ဖက် ရ၈ လမ်းအထိ၊ ရ၈ လမ်းမှ တောင်ဖက်သို့ ဦးပွားကုန်း ကျော် ပေါ်မှတဆင့် ဦးပွားဆုတောင်းပြည့်ဘုရားတွင် ပြီးဆုံး ခဲ့သည်။

ဆန္ဒထုတ်ဖော်ရာ လမ်းတွင် သံဃာတော်များမှ “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေး ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်း ကြပါစေ၊ ဒို့မေတ္တာစွမ်း ကမ္ဘာလွမ်း ငြိမ်းချမ်းကြပါစေ” ဆိုသည့် သံပြိုင် မေတ္တာပို့ကို ရွတ်ဆိုခဲ့ကြပါ သည်။