မြန်မာ ငါးဖမ်းသမား ၂၈၉ ဦး ဘင်္ဂလားဒေချ့်က ထိန်းသိမ်း

မြန်မာ ငါးဖမ်းသမား ၂၈၉ ဦး ဘင်္ဂလားဒေချ့်က ထိန်းသိမ်း
by -
နိရဥ္စရာ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကမ်းခြေများသို့ ရောက်ရှိသွားသည့် မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂၈၉ ဦးကို ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့မှ ထိန်းသိမ်း ထားသည်ဟု သိရသည်။

တက်ကနက် ချောင်းတွင် ဆိပ်ကပ်ထားသော စက်လှေများ။
ငါဖမ်းစက်လှေ ၃၆ စီးနှင့် အတူ နတ်မြစ်ဝတွင် တည်ရှိသော စိန့်မာတင်ကျွန်း (အုန်းကျွန်း) အနီး ယမန်နေ့က ကမ်းကပ်လာစဉ် ဘင်္ဂလာဒေချ် နယ်ခြား စောင့်တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်သည်ဟု ဆိုသည်။

အများစုမှာ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်၊ မြင်းလွှတ်၊ ကျောက်ပန်းတူ၊ သဝင်ချောင်းဘက်မှ ပင်လယ်ပြင်တွင် ငါးရှာနေသော ငါးဖမ်းသမား ဖြစ်ကြသည်ဟု ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

သူတို့အား လောလောဆယ်တွင် ဘင်္ဂလားဒေချ့် အာဏာပိုင်များက အစားအစာများနှင့် လိုအပ်သည်များကို ကူညီ ထောက်ပံ့ ပေးထားကြောင်း သိရသည်။

ယခုအခါ ဘင်္ဂလားပယ်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် တစ်ခုကြောင်း ပင်လယ်ပြင်တွင် လေပြင်းများတိုက်ခတ်နေပြီး မိုးအဆက်မပြတ်ရွာသွန်းနေကာ လိူင်းကြီးနေကြောင်း သိရသည်။

သူတို့အား ရာသီ ဥတု ကောင်းမွန်သည်နှင့် တပြိုင်နက်တည်း မြန်မာသို့ ပြန်ပို့မည်ဟု ဘင်္ဂလာ အာဏာပိုင်များက ဆိုသည်။

Most read this week