စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူတစ်သောင်းခန့် ပူးပေါင်းပါ၀င်

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူတစ်သောင်းခန့် ပူးပေါင်းပါ၀င်
by -
နိရဥ္စရာ

စစ်တွေတွင်  ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့ လူတစ်သောင်းခန့် ပူးပေါင်း ပါ၀င်လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးက နိရဥ္စရာသို့ မိန့်ကြားသည်။

 Coral Arakan
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း OIC ရုံးအား မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် အစိုးရက ကြိုးပမ်းနေသည့်အပေါ် သံဃာတော်များက ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင်ရာတွင် ပါ၀င်သူ ဆရာတော် ဦးပညာဇောတက ပြောသည်။

“အခု ဦးဇင်းတို့က ဦးဥတ္တမ ပန်းခြံကို ရောက်ရှိနေပါတယ်။ ရဟန်းတော်တွေက ရ၀၀နဲ့ ၁၀၀၀ ကြား လောက်မှာ ရှိမှာပါ။ လူကတော့ သောင်းချီပြီး ရှိမယ် ထင်ပါတယ်။ ဘင်္ဂလာဒေချ့်  သံရုံးရှိရာ အနောက်စံပြ ရပ်ကွက်ကနေ လမ်းမကြီးတလျှောက် လူတွေ ပြည့်နေပါတယ်။ အခု ငြိမ်းချမ်းစွာဘဲ လိုလားချက်တွေကို တောင်ဆို ဆန္ဒပြနေကြရပါတယ်”

ထို့အပြင် ဦးဇင်းတို့ တောင်းဆိုတာက “OIC ကို မြန်မာပြည်မှာလည်း အလိုမရှိ၊ ရခိုင်ပြည်နယ် အတွက်လည်း အလိုမရှိ၊ ငြိမ်းချမ်း ယှဉ်တွဲ အတူနေထိုင်ရေး အတွက် အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်တွေကို မြို့ပြင်သို့ ပြောင်းရွှေ့ပေးပါ၊ ဘင်္ဂလာဒေချ့်ရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ပေးပါ၊ (၅) တရားမဝင် ဘင်္ဂလီ ကိစ္စနှင့်ပတ် သက်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော နိုင်ငံတော် သမ္မတကြီးအား ထောက်ခံအပ်ပါသည် ဆိုပြီး အချက် ၅ ချက် တောင်းဆိုပါတယ်” ဟု သူက ပြောသည်။

OIC ကို ကန့်ကွက်ရခြင်းနှင့် ပတ်သက်ပြီးလည်း ဆရာတော်က ယခုလို မိန့်ကြားသည်။

“OIC က နိုင်ငံခြား အဖွဲ့အစည်းလေ။ မွတ်ဆလင်နိုင်ငံတွေက အဖွဲ့အစည်းလေ။ သူတို့က ဒီနိုင်ငံမှာ ဘာမှ ၀င်ရောက် လုပ်ကိုင်စရာ အကြောင်း မရှိဘူး။ အခုလို ရုံးလာဖွင့်တယ်ဆိုတော့ ပြည်တွင်းရေး ကိစ္စကို ၀င်စွက်ဖက်တာ ဖြစ်ပါတယ်။ အခု ဖြစ်တာက ပြည်တွင်းရေး ကိစ္စတယ်။ ဒါကြောင့် ခုလို ၀င်စွက်ဖက်တာကို ဦးဇင်းတို့က လုံးဝ ဆန့်ကျင် ကန့်ကွက်ပါတယ်” ဟု ပြောဆိုသည်။

ယခုအခါ ပြည်သူများမှလည်း OIC အလိုမရှိ၊ အင်ဘာလာကို ရွှေ့ပေးပါ စသော ကြွေးကြော်သံများကို ကြွေးကြော် ကာ ဆန္ဒပြနေကြသည်ဟု သိရသည်။
monks-protest-agenda
ညနေ ၄ နာရီထိ လူစု မကွဲသေးဘဲ ဆက်လက် ဆန္ဒပြနေကြကြောင်း၊ အာဏာပိုင်များမှလည်း တစ်စုံတစ်ရာ နှောင့်ယှက် မူများ မရှိသေးကြောင်း ဆရာတော်က မိန့်ကြားသည်။

Most read this week