ဘင်္ဂလာဒေ့ချ် ၀န်ကြီးချုပ် မီးရှို့ခံရသည့် ဘုန်းကြီးကျောင်းများအား လာရောက် ကြည့်ရှု

ဘင်္ဂလာဒေ့ချ် ၀န်ကြီးချုပ် မီးရှို့ခံရသည့် ဘုန်းကြီးကျောင်းများအား လာရောက် ကြည့်ရှု
by -
နိရဥ္စရာ

ဘင်္ဂလာဒေ့ချ် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာဟာ ရာမူးမြို့က ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ခံရတဲ့ နေရာတွေကို မနေ့က လာရောက်ကြည့်ရှု့ခဲ့ပါတယ်။ အဲဒီမှာ ၀န်ကြီးချုပ်ဟာ ချစ်ကြည်ရင်းနှီးမူကို ဖေါ်ပြတဲ့ အနေနဲ့ လူထု ဟောပြောပွဲ တစ်ခုကိုလည်း ပြုလုပ်သွားခဲ့ပါတယ်။

donate
လူထု အစည်းအဝေးကို ရခိုင်သူဌေးကြီး ဦးချီးဇားရီ တည်ထောင်ခဲ့တဲ့ ရာမူး (ပန်းဝါ) မြို့  အစိုးရအထက် တန်း ကျောင်းထဲက ကွင်းပြင်မှာ ပြုလုပ်ခဲ့ပါတယ်။

ပြစ်မူကျူးလွန်သူတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓ္ဓဘာသာဝင်တွေကို တိုက်ခိုက်လိုတဲ့ အတွက် ဓါတ််ပုံတွေ၊ ဗွီဒီယိုဖိုင်တွေကို ပုံတူးကူးပြီး ပြုလုပ်ခဲ့တယ်လို့လည်း ၀န်ကြီးချုပ်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

သူတို့ (ပြစ်မူကျူးလွန်သူ)တွေကို နောက်နောင် ဒီလို ပြစ်မူတွေကို မကျုးလွန်ရဲအောင် ပြင်းပြင်းထန်ထန် အပြစ်တွေ ပေးသွားဖို့လိုတယ်လို့လည်း ဆိုပါတယ်။ သူတို့ကိုလည်း အမြန်ဆုံး ဖေါ်ထုတ်အရေးယူသွား မယ်လို့လည်း ပြောဆိုသွားပါတယ်။

ဒေသခံ ပြည်သူတွေအနေနဲ့လည်း ကော်မီတီ တစ်ရပ်ကို စုပေါင်း ဖွဲ့စည်းပြီး ဒီလို တိုက်ခိုက်မူတွေကို တားဆီးကာကွယ်သွားကြဖို့နဲ့  သူမရဲ့ ဘင်္ဂလာဒေချ့် လူထုကိုလည်း ဘယ်သူဘဲ ဖြစ်ဖြစ် လူနည်းစုတွေ အပေါ် စိတ်ထိခိုက်မူတွေ ဖြစ်ပေါ်အောင် မလုပ်ကြဖို့နဲ့ ခုလို တိုက်ခိုက်မူမျိုး ဖြစ်ပေါ်အောင် သွေးထိုးလှုံ့ ဆော်မူတွေ မလုပ်ကြဖို့လည်း ဆော်သြသွားပါတယ်။

အမူမှန် ပေါ်ပေါက်အောင် စုံစမ်း စစ်ဆေးမူတွေကို ကူညီကြဖို့မှာကြားပါတယ်။ ခုတိုက်ခိုက်မူဟာ ကြိုတင် စီစဉ် ပြီးမှ ပြုလုပ်တာ ဖြစ်ပုံရတယ်လို့လည်း ၀န်ကြီးချုပ်က ပြောဆိုပါတယ်။

ဒါ့ပြင်သူမက အစ္စလာမ်ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာလည်း အစ္စလာမ်ဟာ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်။ ကျွန်မတို့ အနေနဲ့ တမန်တော်ကို ဘာတွေ ပြောသွားသလဲ ဆိုတာကို သိရှိဖို့လိုတယ်။ သူတစ်ပါး ဘာသာအပေါ် ၀င်ရောက် ချယ်လှယ် နှောင့်ယှက်တာမျိုးတွေကို ပြုလုပ်ဖို့ ခွင့်မပြုခဲ့ဘူးလို့လည်း ပြောဆိုပါ တယ်။ ဒါကြောင့် ခုတိုက်ခိုက်မူကို ပြုလုပ်သူတွေဟာ ဘာသာတစ်ခုခု အပေါ်မှာ လေးနက် ယုံကြည်ကြသူ တွေ မဟုတ်ကြဘူး လို့လည်း ပြောဆိုသွားပါတယ်။

၀န်ကြီးချုပ် ရှိတ်ဟာဆီးနာဟာ သူမဘေးမှာ ထိုင်နေတဲ့ ရာမူးမြို့က အကြီးဆုံးဆရာတော် တစ်ပါး ဖြစ်တဲ့ Satyapriya မဟာထေရ်ကို ဖိတ်ခေါ်ပြီး စကား ပြောခိုင်းပါတယ်။

ဆရာတော်က မိန်းခွန်းပြောရာမှာ “သူ့အနေနဲ့ ဒီလို အဖြစ်ဆိုးတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့တဲ့ အကြောင်းနဲ့ ဘာသာရေး မတူညီတဲ့ လူမျိုးတွေ အကြားမှာ သဟဇာတဖြစ်မူနဲ့  အဆင်ပြေပြေ နေထိုင်နိုင်မူ ဖြစ်အောင် ထိန်းသိမ်းကြဖို့ အားလုံးသူကို မေတ္တာရပ်ခံကြောင်း တိုက်တွန်း ပြောဆိုသွားပါတယ်။

၀န်ကြီးချုပ် ရှိတ်ဟာဆီးနာဟာ သူမရဲ့ ခရီးစဉ် အတွင်းမှာ တိုက်ခိုက်မူ အတွင်း ထိခိုက်ခံခဲ့ရတဲ့ ဗုဒ္ဓဘာသာ မိသားစုတွေ အတွက် တာကာငွေ  ၂ ဒဿမ ၄၈ ကုဋေ နဲ့ အတူ ဆန်မက်ထရစ်တန်ချိန် ၃၅ ဒဿမ ၄၂ တန်နဲ့ အိမ်မိုး သွပ် ၃၀၇ ချပ်၊ စောင်၂၄၆ ထည်နဲ့ တခြား လူသုံးကုန် ပစ္စည်း အမြောက်အမြားကို  ပေးအပ် လှူဒါန်းသွားခဲ့ပါတယ်။

၀န်ကြီးချုပ်နဲ့ အတူ တခြား ၀န်ကြီး တစ်ဒါဇင်ခန့် အတူ လိုက်ပါလာပြီး သီးခြား  အစည်းအဝေးတွေကိုလည်း အစိုးရ အရာရှိတွေနဲ့ ကော့စ်ဘဇားမြို့မှာ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။

Most read this week