ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအား တာဝန်များမှ ထုတ်ပယ်လိုက် သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အဖွဲ့အစည်းအနေဖြင့် ကွဲပြဲတော့မည်လားဟူသော စိုးရိမ်ပူပန်မှု များသည် စာရေးသူ အပါအဝင် လူထုများအတွင်း အတော်ပင် ကြီးမားစွာ ဖြစ်ပေါ်လျှက်ရှိသည်။ အဘယ်ကြောင့်ပါနည်း။
အပိုင်း (၁)
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအား တာဝန်များမှ ထုတ်ပယ်လိုက် သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အဖွဲ့အစည်းအနေဖြင့် ကွဲပြဲတော့မည်လားဟူသော စိုးရိမ်ပူပန်မှု များသည် စာရေးသူ အပါအဝင် လူထုများအတွင်း အတော်ပင် ကြီးမားစွာ ဖြစ်ပေါ်လျှက်ရှိသည်။ အဘယ်ကြောင့်ပါနည်း။
ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသည့်နောက် ထောင်ပေါင်းများစွာသော ကျောင်းသား၊ ပြည်သူများသည် တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေး အင်အားစုများ အခြေပြုရာဒေသများသို့လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ ရှမ်းပြည် အရှေ့မြောက်ဒေသရှိ လွတ်မြောက်နယ်မြေသို့ လည်း ကောင်း ရောက်ရှိခိုလှုံခဲ့ကြရာ စာရေးသူလည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့ သည်။ လက်နက်ကိုင်တော်လှန် ရေးနှင့် အခြားနည်းလမ်းပေါင်းစုံသုံးပြီး စစ်အာဏာရှင်စနစ်အား ဆက်လက် တိုက်ပွဲဝင်ရန် ကြိုး ပမ်းခဲ့ကြသည်။ တော်လှန်လိုသည့် ကျောင်းသားများ၊ လူထုများအား ကောင်းမွန်စွာ လက်ခံကြိုဆို နေရာချထားပြီး တတ်နိုင်သ မျှ ကျွေးမွေးထောက်ပံ့ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနက် ကေအဲန်ယူသည် ရှေ့တန်း မှ ပါ၀င်ခဲ့သည်။
မိမိအနေဖြင့် ကျေးဇူးရှင်သဘွယ် သဘောထားသတ်မှတ်ခဲ့သည့် အဖွဲ့အစည်းများအနက်တွင် ကေအဲန်ယူသည် ထိပ်တွင် ရှိ သည်။ ၁၉၉၉မှ ၂၀၀၄ခုနှစ်များတဝိုက်တွင် အရှိန်အဝါ ကြီးမားခဲ့သည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးမြနှင့် တဖြေးဖြေးနှင့် အနီးကပ် ဆက်ဆံမိရင်း ၎င်းသည် စစ်အစိုးရ အဆက်ဆက်က ၀ါဒဖြန့်ခဲ့သ လိုလူဆိုးလူမိုက်ကြီးတစ်ဦး မဟုတ်ဘဲ သူရသတ္တိနှင့် ပြည့်စုံသည့် တော်လှန်ရေးသမားကြီးတဦးဖြစ်မှန်း သိခဲ့သည်။ လေးစားချစ် ခင်ခဲ့သည်။ “ကိုယ့်လူမျိုးကို ချစ်တယ်ဆိုတာ အခြားလူမျိုးကို မုန်းဘို့ မဟုတ်ဘူး ” ဟူသည့် ၎င်း၏ ရိုးရှင်းသော လူမျိုးရေးအမြင် ဆိုင်ရာ သင်ကြားချက်ကို အမှတ်ရနေဆဲ ဖြစ်သည်။
အလားတူပင် ၁၉၈၉ခုနှစ်နောက်ပိုင်းမှစ၍ ယနေ့အထိ ခေါင်းဆောင်လျှက်ရှိသော ကေအဲန်ယူခေါင်း ဆောင်များ အပါအဝင် မိမိ နှင့် ဆက်ဆံထိတွေ့မိသမျှများမှာ တနည်းမဟုတ်တနည်း လေးစားချစ်ခင်ဘွယ် ကောင်းသူများဖြစ်ကြောင်း တွေ့ရသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံလျှက် ကရင်အမျိုးသားအရေးသာမက မြန်မာအပါအဝင် တိုင်းရင်းသားအားလုံးအတွက် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့အတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်လျှက်ရှိသူများဖြစ် ကြောင်းတောက် လျှောက် လေ့လာခွင့်ရခဲ့သည်။ ယခု ဤအစည်းအရုံးကြီးမှာ အကွဲအပြဲဖြစ်တော့မည်လား ဟူသည့် စိုးရိမ်မှု သည် အခြားသူများထက် မလျော့နည်းဘဲ ခံစားမိလာသည်။ ဒေါက်တာစင်သီယာမောင်ကဲ့သို့နိုင်ငံရေး လုပ်ငန်းများနှင့် မစွက်ဖက်ဘဲ ဆေးပညာသန့်သန့်ဖြင့် လူထုအကျိုးပြုလုပ်ငန်း လုပ်နေသူကပင်လျှင် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖေါ်ချက်ကို လေ့လာနိုင် ပါသည်။
ကေအဲန်ယူ၏ လက်ရှိ ဥက္ကဌဖြစ်သူ စောတာမလာဘောမှာ အသက်ကိုးဆယ်ကျော် ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံ သမိုင်း၏ တစိတ်တပိုင်းအဖြစ်လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံးသမိုင်းတွင် အဓိကျသော နေရာများမှလည်းကောင်း ပါ၀င်ခဲ့သူ ဖြစ်သည်။ တိုင်းရင်းသားတော်လှန်ရေးသမိုင်းတွင် ရှားပါးပစ္စည်းဟု ပြောနိုင်သည်။ အိုကြီး အိုမ ရောက်လာသည့်အချိန်အထိ စိတ်ဓါတ်၊ ဇွဲ၊ အားမန် တချက်မျှ မလျှှော့ဘဲ အဖွဲ့အစည်းကို ဆက်လက် ဦးဆောင်မှုပေးလျှက်ရှိသည်။ ရုပ်ခန္ဓာကိုယ်အရ မစွမ်းသန်တော့ သော်လည်း နိုင်ငံရေးအမြင်များ ကျယ်ပြန့်ပြီး ကောင်းမွန် ဖြောင့်မတ်စွာ စဉ်းစားနိုင်သူလည်း ဖြစ်သည်။ ဥက္ကဌကြီး စောတာမလာဘော တစ်ရက်တာမျှ ဆက်လက် အသက်ရှည် ကျန်းမာလျှင်ကရင်အမျိုးသား များအတွက်သာမက ပြည်ထောင် စုတစ်ခုလုံးအတွက်ပါ တရက်ပိုပြီး အကျိုးရှိသည်ဟု စာရေးသူ ခံယူပါသည်။
အထုတ်ခံလိုက်ရပြီဟု သတင်းထွက်လာသော ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးမှာလည်း ယခုလက်ရှိ ကေအဲန်ယူခေါင်းဆောင်များအ တွင်း ဥက္ကဌကြီး စောတာမလာဘောပြီးလျှင် အသက်အကြီးဆုံးဟု ပြောရပါမည်။ အသက်ရှစ်ဆယ်မျှ ရှိနေပါပြီ။ နှစ်ပေါင်း ခြောက်ဆယ်ခန့်မျှ တော်လှန်ရေးအတွက် ပေးဆပ်လာခဲ့ရသူဖြစ်သည်။ ကိုယ်ကျင့်တရားနှင့် စာရိတ္တေကောင်းမွန်၊ အနေအထိုင် ရိုးရှင်း၊ အသောက်အစား ကင်းရှင်းပြီး စိတ်ထားနှိမ့်ချသူဖြစ်သည်။ ယခုအသက်အရွယ်ရောက်သည်အထိ ကျမ္မာရေးကို ဒေါင် ဒေါင်မြည်အောင် ထိန်းထားနိုင်ကာ အောက်ခြေတပ်ထုများအကြားသို ့ ခြေလျင်ခရီး အကြိမ်ပေါင်းများစွာဆင်းပြီး အနီးကပ် ကွပ်ကဲအုပ်ချုပ်မှုပေးနိုင်သူ ဖြစ်သည်။
ယခု ဤခေါင်းဆောင်ကြီးများအတွင်း မည်သို့ ဖြစ်သွားခဲ့ကြပြီနည်း။ ကေအဲန်ယူ ခေါင်းဆောင်များ ညံ့ဖျင်း၍ ဤသို့ဖြစ်ရသည် ဟု အလွယ်တကူ ကောက်ချက်မချသင့်ပါ။ ဤဖြစ်ရပ်ကို နားလည်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နိုင်ငံရေး နောက်ခံအကျဉ်းကို ပြန်လည် မိတ်ဆက်တင်ပြပါမည်။
ကရင်အမျိုးသားများ အပါအဝင် တိုင်းရင်းသားတွေ ဘာကြောင့် ခုခံစစ်ကို ဆင်နွှဲနေကြရသလဲ။
ကိုမင်းကိုနိုင် ကချင်ပြည်နယ်အတွင်း လေ့လာရေးခရီးစဉ်မှ ပြန်လာပြီးနောက် “အမြှောက်ဆံတလုံးကို ကျပ်သိန်းသုံးဆယ် လောက် တန်တာတွေနဲ့ တဘက်နဲ့တဘက် ပစ်နေကြသဗျာ။ အဲသည်ငွေတွေကို လူထုကျမ္မာရေးအတွက် ဆေးပေးခန်းတွေ ဖွင့် တာ၊ လူထုပညာရေးအတွက် စာသင်ကျောင်းဆောက်တာတွေမှာ သုံးရင် ဘယ်လောက်ကောင်းမလဲ”ဟု မှတ်ချက်ပြုခဲ့ဘူးပါ သည်။ ကိစ္စရပ်တိုင်းတွင် အကြောင်းနှင့် အကျိုး (Cause and Effect) ဟူ၍ ရှိသည်။ အကျိုးအရပြောလျှင် ကိုမင်းကိုနိုင်၏ မှတ် ချက်မှာ သွေးထွက်အောင် မှန်ပါသည်။ သာမန်အားဖြင့်ကြည့်လျှင် ငွေတွေကို အလွယ်တကူ ဖြုန်းနေကြသည်ဟု မြင်နိုင်သည်။ သို့ရာတွင် အကြောင်းရင်းကို စစ်ကြောဘို ့လိုပါမည်။ ဘာကြောင့် တိုင်းရင်းသားတွေက ဤသို့ ခုခံစစ်ဆင်နွဲနေရသည်၊ ဘက်နှစ်ဘက် ဖြစ်ပွားနေကြသော ဤစစ်ပွဲတွင် မည်သည့်ဘက်၌ တာဝန်ရှိသည် စသည်တို့ကို လေ့လာဘို ့လိုပါမည်။
ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားလူမျိုးများအတွင်း တန်းတူ ခံစားခွင့်ရရှိရေးနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင် ဆန်းက “ကရင်တစ်ကျပ် မြန်မာတစ်ကျပ်”ဟူ၍ သုံးနှုန်းသွားခဲ့ဘူးသည်။ နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပြီဖြစ်သော်လည်း ဤစံ ထားသည့် အသုံးအနှုန်း လက်တွေ့ဖြစ်လာရေးမှာ အိပ်မက်အဆင့်ထက် မပိုသေးပါ။ တိုင်းရင်းသားလူမျိုးစုများသည် ၎င်းတို့ရ သင့်သည့် စုပေါင်းအခွင့် အရေးဖြစ်သော “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်”အတွက် ခုခံစစ် ဆင်နွှဲနေကြရခြင်းဖြစ် သည်။ “ခွဲထွက်ပြီး သီးခြားနိုင်ငံ”များ တည်ထောင်ရန် တိုက်ပွဲဝင်နေကြခြင်း မဟုတ်ပါ။ “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်” မရမချင်းတော့ ၎င်းတို့၏ နိုင်ငံရေးအသံကို တစ်ပြည်ထောင်လုံး ကြားသိစေမည့် ခုခံစစ်ကို ရပ်ကြမည် မဟုတ်ပါ။
အောက်တိုဘာလ ရရက်နေ့တွင် ဒီမိုကရက်တစ်မြန်မာ့အသံ ရုပ်မြင်သံကြား အစီအစဉ်မှ မွန်၊ ရခိုင်၊ ချင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်သုံးဦးနှင့် အင်တာဗျူးကို ထုတ်လွှင့်သွားခဲ့သည်။ ၎င်းတို့က ထိန်းထိန်းသိမ်းသိမ်း ပြောသွားခဲ့သော်လည်း ၂၀၀၈ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ လိုလားမျှော်မှန်းသည့် “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်” မရနိုင်ကြောင်း ရှင်းရှင်းကြီး ပေါ်နေပါသည်။ တိုင်းရင်းသားတွေက သူတို့ပြည်နယ်မှာ သူတို့နေနေကြပါ သည်။ စာရေးသူကဲ့သို့ လူအများစု “မြန်မာ”လူမျိုးအများစုကြီး နေထိုင်သည့် နိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသကြီး၏ “နေပြည် တော်”ကို သွားရောက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း မဟုတ်ပါ။ သို့ဖြစ်၍ စစ်ပွဲတွေ မဆင်နွှဲပါနှင့်တော့၊ ရပ်ပါဟု မည်သူ့ကို ဖိအားပေးရမည်နည်း။ “နေပြည်တော်”ကို ဗဟိုပြုပြီး ရွှေနန်းတော်ကြီး ဖြစ်လာအောင် တထီးတနန်း တည်ဆောက်နေသည့် စစ် ခေါင်းဆောင်များကိုသာ ပြောရမည် ဖြစ်သည်။
အမေရိကန်ဒေါ်လာ သန်းထောင်ဂဏန်း တချို့ကို အသုံးပြု၍ နေပြည်တော်ကြီး တည်ဆောက်သော ငွေမှာ စစ်ခေါင်းဆောင် များ ချွေးနည်းစာဖြင့် ရှာဖွေရရှိထားသော ငွေမဟုတ်ပါ။ တိုင်းရင်းသားဒေသများမှ အဓိကအားဖြင့် ထွက်ရှိသည့် သဘာဝ သယံ ဇာတ ပစ္စည်းများအား ရောင်းချ၍ ရရှိငွေနှင့် တည်ဆောက် ထားခြင်းဖြစ်သည်။ ပြည်ထောင်စုအတွက် မြို့တော် ရန်ကုန်ရှိပါ လျှက် မလိုအပ်ဘဲ “နေပြည်တော်” တည်ဆောက်မည့် ငွေများအား တပြည်လုံး လူထု ကျမ္မာရေး၊ ပညာရေး လုပ်ငန်းများတွင် သုံးမည်ဆိုပါက မည်မျှ အကျိုးရှိနိုင်မည်မှာ ရှင်းနေသည်။ မြန်မာလူမျိုးအများစု အခြေပြုသည့်နေရာတွင် တည်ဆောက်သည့် မြို့သစ် “နေပြည်တော်”နှင့် ကရင်ပြည်နယ်၏မြို့တော် ဖားအံကို နှိုင်းယှဉ်ကြည့်ပါ။ အဆတစ်ထောင်နှင့် တစ်ဆမျှမက ကွာခြား နေပါသည်။ “ကရင်တစ်ကျပ် မြန်မာတစ်ကျပ်” မူ၏ လက်တွေ့သည်အဘယ်မှာ နည်း။ ယင်းသို့ဖြစ်နေသမျှ တိုင်းရင်းသားများ ၏ ခုခံစစ်ကို ရပ်ကြပါဟု မည်သို့ပြောရက်နိုင်မည်နည်း။
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်စေလိုလျှင် တိုင်းရင်းသားဒေသများသို့ စစ်ပွဲများ သွားရောက်ဆင်နွှဲ နေမည့်အစား တိုင်းရင်း သားများ တောင်းဆိုနေကြသည့် “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်” ပေးအပ်နိုင် ရေးအတွက်၂၀၀၈ခုနှစ် ဖွဲ့စည်းပုံကို ပြင် လိုက်ပါဟုသာ နေပြည်တော်ရှိ စစ်ခေါင်းဆောင်များကိုဖိအားပေးရ မည်ဖြစ်သည်။ တိုင်းရင်းသားများအတွက် စုပေါင်းအခွင့်အ ရေးဖြစ်သော “တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်း ခွင့်”၊ နိုင်ငံသားများ၏ တစ်ဦးချင်း အခွင့်အရေးဖြစ်သော နိုင်ငံရေးလွတ်လပ်ခွင့် များ ရရှိပါက စစ်ပွဲများ ရပ်သွားမည် မုချဖြစ်သည်။
သို့မဟုတ်လျှင် ပြည်တွင်းစစ်ကို ငြိမ်းသတ်နိုင်ရေးအတွက် ဗမာပြည် ကွန်မြူနစ်ပါတီက တင်စားသုံးနှုန်း သွားသကဲ့သို့ “ငြိမ်းမရ သည့် မီးတောက်မီးလျှံ”သာ ဖြစ်နေပါဦးမည်။ ကရင်အမျိုးသားအစည်းအရုံး သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန်မှစ၍ ယနေ့အထိ ခုခံစစ်ကို တောက်လျှောက်ဆင်နွှဲလျှက်ရှိသည်။ အခက်အခဲမည်မျှ ကြီးမားမည်ကို မှန်းဆနိုင်ပါသည်။ ဤနောက်ခံ မှ စတင်၍ ကရင်အမျိုးသားအစည်း အရုံး၏ စည်းရုံးရေးပြဿနာကို ချည်းကပ်မှသာ သိမြင်မှု ရှင်းလင်းနိုင်ပါမည်။
စစ်အစိုးရ၏ အပစ်အခတ်ရပ်စဲရေး မဟာဗျူဟာကို ကျော်လွှားနိုင်ရန် ကြိုးပမ်းခြင်း
၁၉၈၈ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားနေသည့်အချိန်အထိ စစ်အာဏာရှင်စနစ်ကို စစ်ရေးအရ ထိထိရောက်ရောက် တုန့်ပြန်နိုင်ခဲ့သည်မှာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် လွတ်မြောက်ဒေသတည် ထောင်ခဲ့သည့် ဗမာပြည် ကွန်မြူနစ်ပါတီ ဖြစ် သည်။ ရှစ်လေးလုံးပြီးသည့်အချိန်တွင် အဆိုပါလွတ်မြောက် ဒေသသည် ကြီးထွားကြံ့ခိုင်ဆဲဖြစ်သည်။ ၁၉၈၉ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီအား ၀ တပ်များက အာဏာသိမ်းကာ မောင်းထုတ်ခဲ့ပြီးနောက် စစ်အစိုးရသည် အခွင့်ကောင်းယူကာ ၀ပြည်သွေးစည်းရေးပါတီ (၀သပ)နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ အားကောင်းစဉ်က တောင်းဆိုခဲ့ သည့် ပါတီ၊ ပြည်သူ့တပ်မတော်နှင့် လွတ်မြောက်ဒေသအား အသိအမှတ်ပြုရေး ဆိုသည်များအား စစ်အစိုးရက လက်မခံခဲ့။
၀သပ ကိုမူ အဆိုပါ အချက်သုံးချက်စလုံးအား ပေးအပ်ကာ အပစ်ရပ်စေလိုက်သည်။ ထို့နောက် အရှေ့မြောက်ဒေသတွင် ကွန် မြူနစ်ပါတီနှင့် ဆိုင်ထားခဲ့သည့် တပ်များအနက် တပ်ရင်းအတော်များများကို ရှမ်းပြည်မှ ထုတ်နှုတ်ကာ ကရင်ပြည်နယ်အတွင်း သို့ ပို့လွှတ်၍ ကေအဲန်ယူအမျိုးသားအစည်းအရုံးနှင့် တပ်ပေါင်းစုက ဦးဆောင် တည်ထောင်ထားခဲ့သည့် မာနယ်ပလော လွတ် မြောက်နယ်မြေကို ထိုးစစ်ကြီးများ ဆင်နွှဲပါတော့သည်။
လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြသော်လည်း တော်လှန်ရေး အဖွဲ့အစည်းများသည် စစ်လိုလားသူများ မဟုတ် ပြည် တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် တည်ဆောက်လိုကြသည်။ မာနယ်ပလောကို ခုခံကာကွယ်ကာ ထိုးစစ်ကြီးများအား ရင်ဆိုင်ရင်း မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်သည် အတုအယောင် အပစ်အခတ်ရပ်စဲရေးကို ကျော်လွှားပြီး စစ်မှန် သည့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ၁၉၉၀ခုနှစ်တွင် (တဖွဲ့ချင်းမဟုတ်ဘဲ) တပ်ပေါင်းစုနှင့် တွေ့ဆုံဆွေးနွေးရေး မူကို ချမှတ်ခဲ့သည်။ တဖွဲ့ခြင်း ခွဲထုတ် စည်းရုံးသွားမည့် အန္တရာယ်ကို ကာကွယ်ရန် ဖြစ်သည်။ ဤမူအပေါ်တွင် တော်လှန်ရေး အဖွဲ့အစည်းများသည် ကာလအတန်ကြာမျှ တောင့်ခံ ရပ်တည်နိုင်ခဲ့ကြသည်။
၀သပ အပစ်ရပ်သွားခဲ့သော်လည်း ကျန်သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ကြီးငယ်များ အားလုံး နီးပါးမှာ မာနယ်ပလောကို အခြေပြုနေသည့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုနှင့် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ချုပ်တို့၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၏ ကျောရိုးတရပ်အဖြစ် ပါ၀င်လျှက် လွတ်မြောက်နယ်မြေကို ခုခံကာကွယ်သည့် စစ်ပွဲကြီးများအား အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြ သည်။ မာနယ်ပလော တပ်ပေါင်းစု၏ တော်လှန်ရေးအလံ တလူလူ လွှင့်ထူနိုင်ခဲ့သည်။ ၁၉၉၂ခုနှစ်တွင်စစ်အစိုးရ၏ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်လှက တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ရသည်။ ဤသည်မှာ ငြင်း ၍မရသော သမိုင်းဖြစ်သည်။
စစ်အစိုးရသည် စစ်ရေးဖြင့် ထိုး၍မရသောအခါ နိုင်ငံရေးလှည့်ဖြားမှုကို အရှိန်မြှင့်ပြီး ချော့မြူလာပြန်သည်။ တဘက်တွင်လည်း ကြောင်ဖြူတာ မဲတာက အဓိက မဟုတ်၊ ကြွက်သေဖို့က အဓိက ဖြစ်တယ်ဟူသော ဥပမာအောက်တွင် တရုတ်ပြည်၏ စီးပွား ရေး တိုးတက်ဖွံ့ဖြိုးမှုကိုသာ ဇောင်းပေးဖေါ်ဆောင်လိုသည့် တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် တန်ခိုးထွားလာခဲ့ပြီးနောက် တရုတ်ပြည်သည် မြန်မာနိုင်ငံအား ကုန်သွယ်မှုနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများတွင်သာ စိတ်ဝင်စားမှု ပိုလာခဲ့သည်။ စစ်ပွဲများကို မမြင်လိုတော့။ တရုတ်-မြန်မာနယ်စပ် အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ဖိအားများလည်း ကျရောက်လာပုံရှိ သည်။ ဤအခြေအနေ နောက်ခံများအောက်တွင် မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ်အတွင်း ဒုတိယ အင်အားအ ကြီးဆုံးဟု ပြောနိုင်သည့် ကချင်အမျိုးသားအစည်းအရုံး (ကေအိုင်အို)က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်သွားသောအ ခါ တပ်ပေါင်းစုအင်အား ချည့်နဲ့သွားခဲ့ရသည်။
ကေအဲန်ယူအတွင်းရှိ ကရင်ဗုဒ္ဓဘာသာဝင် ရဲဘော်၊ တပ်မှူးအချို့၏ ဘာသာရေးအခြေခံ မကျေနပ်မှုကို စစ်ထောက်လှမ်းရေးက အသုံးချ၍ ဒီကေဘီအေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးလိုက်နိုင်ပြီးနောက် မာနယ်ပလောကို အသက်ပေး ခုခံကာကွယ် ခဲ့ကြသော ကရင်ရဲဘော်အချို့ကိုယ်တိုင် လမ်းပြခေါ်ဆောင် လာမှုဖြင့် ၁၉၉၄ခုနှစ်၊ နှစ်ကုန်ပြီးနောက်တွင် စစ်အစိုးရလက်တွင်း သို ့သက်ဆင်းသွားခဲ့ရပါတော့သည်။ သို့ရာတွင် ကရင်အမျိုးသားအစည်းအရုံးသည် ကျဆုံးမသွားဘဲ ခံစစ်သေဆင်နွှဲသည့် အနေအထားမှ ပြောက်ကျားစစ်မဟာဗျူဟာကို ပိုမို ဇောင်းပေးကျင့်သုံးရင်း ခုခံစစ်ကို ဆက်လက် ဆင်နွှဲပြီး ကြံ့ခိုင်စွာ ရပ်တည် လာနိုင်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။
တစ်ချိန်တည်းတွင် ကရင်အမျိုးသားအစည်းအရုံး လက်ရှိ ရင်ဆိုင်နေရသော စည်းရုံးရေးပြဿနာကို တစ်ပြည်လုံး ပြည်တွင်းစစ် နောက်ခံ၊ စစ်အစိုးရ အဆက်ဆက်၏ ခွဲခြား ဖဲ့ထုတ် လွှမ်းမိုးရေးမူ၊ အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအ ဖွဲ့အစည်းများ၏ ရပ်တည်မှု၊ ပြည်တွင်းလူထု၏ ဖိအား စသည်များနှင့် ဆက်စပ်စဉ်းစားမှသာ ရုပ်လုံးပေါ်နိုင်မည်ဖြစ်ကြောင်း တင် ပြလိုခြင်း ဖြစ်သည်။
အပိုင်း(၂)ကို ဆက်လက် ဖတ်ရှုပါရန်
အောင်ထူး (ရှေ့နေ)
အောက်တိုဘာလ (၈)ရက်၊ ၂၀၁၂ခုနှစ်။