ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ

ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ
by -
နိရဥ္စရာ

ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံရမှု အပေါ် ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့စ်ဘဇားမြို့တွင် ယနေ့ (အောက် တိုဘာ ရရက်) နံနက်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယာန် ဘာသာဝင် တို့ စုပေါင်းပြီး ဆန္ဒပြခဲ့ကြသည်။

coxsbazar-buddhist-community-protestဆန္ဒပြပွဲအား ယနေ့ မနက် ၁၂ နာရီ အချိန်တွင် ကော့စ်ဘဇားမြို့ ခရိုင်ရုံးချုပ်ရှေ့တွင်  ပြုလုပ်ခဲ့ကြပြီး ထောင်ချီ ရှိသော ဟိန္ဒူ၊  ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသည်  ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းများနှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏  အိုးအိမ်များကို ဆက်လက် တိုက်ခိုက်မူ မပြုလုပ်ရန် ငြိမ်းချမ်းစွာ  တောင်းဆိုခဲ့ကြသည်။

“ကျွန်တော် ဒီနေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပွဲမှာ ဗုဒ္ဓဘာသာတယောက် အနေနဲ့ ပါ၀င်တာဖြစ်တယ်။ ခုလိုဆန္ဒ ထုတ်ဖေါ်ခြင်းအားဖြင့် ကမ္ဘာ့ကသိလာပြီး လူနည်းစုတွေကို ကာကွယ်ပေးဖို့ အစိုးရကို ဖိအား ပေးလာ နိုင်အောင်နဲ့  နောက်ထပ် ခုလိုမဖြစ်လာအောင် ကာကွယ် တားဆီးပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေက အစိုးရက လုံခြံုရေး ယူနေတယ်ဆိုပေမဲ့ စိတ်ချမရသေးဘူး။ ဘယ်နေ့မှာ  ဘာတွေ ဖြစ်လာမလဲ ဆိုတာ မသိရဘူး။ ခုလဲနေရာကွက်ကျား ဆက်တိုက် တိုက်ခိုက်မှုတွေ ဖြစ်နေတာတွေ့ရပါ တယ်” ဟု ဆန္ဒပြရာတွင် ပါ၀င်သူ ရခိုင်အမျိုးသား ကိုအောင်စံခိုင်က နိရဥ္စရာသို့ ပြောသည်။
coxsbazar-buddhist-community-protest-4
ဆန္ဒပြသူများ ကိုင်ဆောင်ထားသော ပိုစတာများထဲတွင် အစိုးရ လုံခြံုရေး အဖွဲ့များ တာဝန် ပေါ့လျော့မူ ကြောင့်  ဘုန်းကြီးကျောင်းများ မီးရှို့ခံရသည်ဟု ဖေါ်ပြထားသလို လူနည်းစုများကို  ကာကွယ်ပေးရန်အစိုးရ တွင် တာဝန်ရှိကြောင်း ဖေါ်ပြထားသည့် စာတန်းများကို ရေးထိုးထားသည်။

မီးရှို့ခံရသည့် ဓါတ်ပုံများနှင့် အတူ  ဗုဒ္ဓဘာသာ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်း ပါဆိုသည့် ပိုစတာများကိုလည်း ဆန္ဒပြသူများက ကိုင်ဆောင်ထားကြသည်။

ဆန္ဒပြသူများသည် ခရိုင်ရုံးချုပ်ရှေ့မှ တဆင့်  လမ်းမအတိုင်း အဂ္ဂမေဓ ကျောင်းသို့ ငြိမ်းချမ်းစွာ ချီတက်ခဲ့ပြီး အဂ္ဂမေဓကျောင်း ဂိတ်ဝတွင် မိနစ် (၃၀) ခန့် ရပ်တန့်ပြီး မာရမာ၊ ရခိုင်၊ ဟိန္ဒူ ခေါင်းဆောင် လူကြီးတို့မှ အသီးသီး မိန့်ခွန်းစကားပြောကြားခဲ့သည်။ ညနေ ၃နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

အဆိုပါ ကျောင်းအား စစ်တပ်က လုံခြံုရေး ယူထားသော်လည်း ဆန္ဒပြသူများအား တစ်စုံတစ်ရာ ဟန့်တား နှောင့်ယှက်ခြင်း မရှိကြောင်း သိရသည်။
coxsbazar-buddhist-community-protest-3
စီတန်းလမ်း လျှောက်ရာတွင်လည်း တစုံတရာ အနှောင့်အရှက ်မဖြစ်ရအောင် ရဲတပ်ဖွဲ့များက လုံခြံုရေး ယူပေးသည်ဟု သိရသည်။

မနက်ဖြန်  ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ပန်းဝါ (ရာမူး) သို့ လာရောက်မည်ဖြစ် သဖြင့်  ပန်းဝါသို့မသွားမီ ကော့စ်ဘဇား မြို့သို့ ရှေးဦးစွာလာ ရောက်မည်ဖြစ်ရာ  ဒေသခံ ဗုဒ္ဓဘာသာဝင်များ ပိုစတာကိုင်ပြီး ဆက်လက် ဆန္ဒ ထုတ်ဖေါ်မှုများ ပြုလုပ်ကြမည်ဟု သိရသည်။

Most read this week