မဲဆောက်မြို့နယ် မဟာဝမ်ဒေသရှိ ထိုင်းနယ်ခြား စောင့်ရဲများသည် ၄င်းတို့ ဖမ်းဆီး ရမိသော မြန်မာ တပ်သား (၄) ယောက်ကို ယမန်နေ့က ပြန်လည် လွှတ်ပေး လိုက်သည်ဟု ထိုင်းမီဒီယာ တခု၌ ဖေါ်ပြ ထားပါသည်။
http://www.manager.co.th/Local/ViewNews.aspx?NewsID=9550000121656
ဖမ်းမိသော မြန်မာတပ်သား (၄) ယောက်မှာ တပ်သား သန်းအောင်ထွေး (၂၁)နှစ် ၊ တပ်သား ပြည်ဖြိုးအောင်(၂၁)နှစ်၊ တပ် သားသီဟသူ (၂၄)နှစ်၊ တပ်သား ဇင်မင်းထွေး (၂၄)နှစ် တို့ဖြစ်သည်။ ၄င်းတို့သည် ကရင်ပြည်နယ် မြဝတီမြို့နယ် မိလှပန်း ကျေးရွာ၌ လှုပ်ရှားနေသော တပ်မ (၈၈) လက်အောက်ခံ ခမရ (၃၁၇)တပ်ရင်းမှ ရဲဘော် လေးယောက် ဖြစ်ပါသည်။ ၄င်းတို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဟာဝမ် တိုက်နယ် ထဲရှိ သောင်ရင်း မြစ်နဘေးက ပြောင်းဖူးခြံ တစ်ခြံထဲတွင် ထိုင်းနယ်ခြား စောင့်ရဲများက ဖမ်းဆီးရမိခြင်း ဖြစ်ပါသည်။
တပ်သား များသည် အစာရေစာ ပြတ်လပ်၍ အားအင် ကုန်ခမ်း နေပုံ ပေါက်နေကြောင်း မြန်မာ စစ်တပ်ထဲက ဒုက္ခကို မခံနိုင်တော့လို့ ထွက်ပြေး လာပြီး၊ ထိုင်းဘက်မှာ အလုပ်လာလုပ်ဖို့ဟု ထိုင်းနယ်ခြား ရဲများကို ပြောကြောင်း သတင်းက ဆိုပါတယ်။ မျက်စိလည် လမ်းမှားရာက ဤပြောင်းဖူးခြံထဲ၌ ပုန်းအောင်းနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ယခုကဲ့သို့ ထွက်ပြေးလာသော မြန်မာ တပ်သားများကို ပြန်ပို့ လိုက်ခြင်းသည် နှစ်နိုင်ငံ စစ်တပ်များ၏ သဘော တူညီချက် လည်း ဖြစ်နိုင်သလို လက်နက်မဲ့ဖြစ်သဖြင့် တရားမဝင် သူများကို ဖမ်းဆီးပြီး ပြန်ပို့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် မြန်မာ စစ်တပ်၏ ထုံးစံ အရ တပ်ပြေးများကို ကြီးစွာ ပြစ်ဒဏ် ပေးလေ့ ရှိပါသည်။
ဤကဲ့သို့ တပ်ပြေးမျိုး ထိုင်းနိုင်ငံ မဟာချိုင် ဒေသ တခုထဲတွင် (၂၀၀၀) ခန့် ရှိနေကြောင်း Ngo အဖွဲ့များနှင့် ပြည်ပရောက် စစ်မှု ထမ်းဟောင်းများက ခန့်မှန်း ထားပါသည်။