၂ ကြိမ် တိတိ အဓမ္မ ပြုကျင့်ရန် ကြံစဉ်သူ နိုင်ငံခြားသား ၀န်ထမ်းအား ရဲက အရေးမယူရဲ

၂ ကြိမ် တိတိ အဓမ္မ ပြုကျင့်ရန် ကြံစဉ်သူ နိုင်ငံခြားသား ၀န်ထမ်းအား ရဲက အရေးမယူရဲ
by -
နိရဥ္စရာ

ကျောက်ဖြူမြို့နယ် ဂုံးရှိန််ကျေးရွာ အနီးတွင် တည််ရှိသော လုပ်ငန်းခွင် တစ်ခုတွင် နေ့စား အလုပ်သမား တစ်ဦးကို နိုင်ငံခြား အလုပ်သမား တစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင့်ရန် ကြံစည်သည်ကို ရဲသို့ သွားရောက် တိုင်ကြားသော်လည်း ရဲက အရေးမယူရဲဘဲ ဖြစ်နေကြောင်း သိရသည်။

အိန္ဒိယ လုပ်သားများသည် ယခုလို ပိုက်လုံးဆက်သည့် ရွှေဂတ်စီမံကိန်းတွင်လည်း ၀င်ရောက် လုပ်ကိုုင်နေကြသည်။ (ဓါတ်ပုံ- နိရဥ္စရာ)

အိန္ဒိယ  PunjLloyd  ကုမ္ပဏီမှ Mr Ali Kumar သည်  နေ့စား ၀န်ထမ်း တစ်ဦး ဖြစ် သူ ကျောက်ဖြူမြို ့နယ် ဂုံးရှိန်ကျေးရွာအုပ်စု စေပုတ်ကေ ကျေးရွာမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်ဟု သိရသည်။

“ ကြိုးစားတာက ၂၅ ရက်နေ့ နံနက် ၈ နာရီမှာ ဖြစ်ပါတယ်။ အရာရှိနဲ့ ဘေးလူတွေ မြင်သွားတော့ အကြံအစည် မဖြစ်မြောက်လိုက်ဘူး။ ဒေသခံတွေက ရဲကို တိုင်ကြားတဲ့ အတွက် အဲဒီ အာလီ ကူမာကို ရဲစခန်းက ခေါ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ  MOGE ကုမ္ပဏီက တာဝန်ရှိသူတွေ လာ ပြီး အာမခံနဲ့ ခေါ်ထုတ်သွားခဲ့ပါတယ်” ဟု လူမူရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။

MOGE မှာ Myanmar Oil and Gas Enterprise ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းခွင်သို့ ပြန်ရောက်ပြီး ညနေ ၃ နာရီခန့်တွင် အာလီကူမာက နောက်ထပ် တစ်ကြိမ် အမ္မပြုကျင့်ရန်  ကြံစည် ကြိုးစားခဲ့သည်ဟု သူက ဆိုသည်။

“ ဒေသခံ ဂုံးရှိန် ရွာသူ ရွာသားတွေသားတွေနဲ့ ကျောက်ဖြူမြို ့ပေါ်က  ပြည်သူတွေက ဒီဖြစ်ရပ်ပေါ် မှာ ကျောက်ဖြူရဲသို့ သွားရောက် တိုင်ကြားတယ်။ သူတို့က ပိုက်ဆံ ရထားတယ် ထင်ပါတယ်။ ဘာမှ အရေး မယူဘူး။ ဒေသခံတွေကတော့ ဒေါသထွက်လျှက် ရှိနေကြပါတယ်” ဟုု သူက ဆိုသည်။

အမူမှာ တရားရုံးသို ့ ယခု အချိန်ထိ မရောက်ရှိသေးဘဲ ကျောက်ဖြူမြို့ ရဲစခန်းတွင်သာ ရှိနေသေးကြောင်း တရားရုံးနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောကြားသည်။

“ နိုင်ငံခြားသား အမူဆိုတော့ ရဲက တရားရုံးကို မပို့ဘဲ ထားတယ်လို့ ထင််ပါတယ်။ ကျွန်တော်သိရ သလောက် အမူက တရားရုံးကို မရောက်သေးဘူး။ ဒီအပေါ်မှာ ဒေသခံတွေက မကျေ မနပ် ဖြစ်နေကြတာပါ” ဟု ဆိုသည်။

ကျောက်ဖြူရဲစခန်းသို့ ဆက်သွယ်ရာ ဒီအမှုအကြောင်း မသိရှိကြောင်း ပြောကြားသည်။

ယခင်ကလည်း ဂုံးရှိန် ကျေးရွာတွင် ယခုကဲ့သို့ အလားတူ အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ဖူးကြောင်း၊ သို့သော်လည်း ကုမ္ပဏီမှ အမူကို ငွေပေးကာ ကျေအေးမူများ ရှိခဲ့သည်ဟု ဆိုသည်။

ဒေသခံ ပြည်သူများကမူ မြေသိိမ်း၊ မတော်မတရားလုပ်မူ အပါအဝင် အနိုင်ကျင့် စော်ကားမူများကြောင့် နိုင်ငံခြား ကုမ္ပဏီများ အပေါ် အထူးမကျေမနပ် ဖြစ်နေကြဟု ဆိုသည်။ ဘင်္ဂလာ ပင်လယ်အော်၏ ကောင်းမွေကို အစိုးရနှင့် နိုင်ငံခြား ကုမ္ပဏီများက မြိန်ရှက်စွာ အကျိုးခံစားနေကြရသော်လည်း ဒေသခံများမှာမူ ကောင်းမွေကို တစ်စုံတစ်ရာ ခံစားခွင့်မရဘဲ ဆိုးမွေများကိုသာ ခံစားနေကြရသဖြင့် ရခိုင်မှ စီမံကိန်းများ အပေါ် အထူး စိတ်ပျက် နေကြသည်ဟု သိရသည်။

Most read this week