တိုင်းရင်းသား တပ်ဖွဲ့များ ပူးပေါင်း ထားသည့် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးရေး တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည် မြောက်ပိုင်း နမ်ဆန်းမြို့နယ် ထောရာဲအုပ်စု (တိုက်နယ်) ၌ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုပူး ပေါင်းတပ် ဖွဲ့ဝင်မှ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး ဥက္ကဌ မိုင်အိုက်ဖုန်းက ဆိုပါသည်။
“ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲက ကျနော်တို့ တပ်ရင်း (၂၅၇) နဲ့ နောင်ချို အခြေစိုက် ခမရ (၅၀၁) တပ်ရင်းက တပ်ဖွဲ့နဲ့ ဖြစ်တဲ့ ထိပ်တိုက် တိုက်ပွဲပါ။ မနေ့ တုန်းကလည်း ဖြစ်တယ်။ မနေ့တုန်းကတော့ ကျနော်တို့ (၃) ဖွဲ့ပေါင်းပေါ့၊ KIA တပ်မဟာ (၄) က တပ်ဖွဲ့တွေရယ်၊ ပြီးတော့ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ SSPP တပ်မဟာ (၁) နဲ့ ပလောင်က ၂၅၇ တပ်ဖွဲ့တွေ နဲ့ပေါ့။ အစိုးရဖက်က ကွတ်ခိုင် အခြေချ ခမရ ၅၀၂ နဲ့ ၃၂၄ တပ်ဖွဲ့တွေနဲ့ မန်တုံ၊ နမ်ဆန်း၊ ကွတ်ခိုင် ဒေသ ဖက်မှာပေါ့ တိုက်ပွဲ (၃) ကြိမ် ဖြစ်ခဲ့ပါ တယ်။ အစိုးရဖက်က အသေအပျောက် ရှိတယ်လို့ ကြားရပါတယ်” ဟု ဆိုပါသည်။
KIA , SSPP နှင့် PSLF ပူးပေါင်း တပ်ဖွဲ့များသည်၊ မူးရစ်ဆေးဝါး တိုက်ဖျက်မှု လူထု ပညာပေးရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်ဒေသကို လှည့်လည် ဆောင်ရွက်ရင်း တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်ဟု ဆိုပါသည်။ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) ၏ မူးရစ်ဆေးဝါး ပညာပေးရေး ပေါ်လစီ၌ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများကို အရေးယူ သွားရန် နှင့် မူးယစ်ဆေးဝါး သုံးစွဲသူများ လျှော့ပါးရန် ပညာပေး ဆောင်ရွက်ခြင်းတို့ ပါ၀င်သည်။
ကွတ်ခိုင်ဒေသ၏ မူးရစ်ဆေးဝါး ထုတ်လုပ်မှု ခန့်မှန်းချက်သည်၊ နှစ်စဉ် ဘိန်းထုတ်လုပ်မှု ပမာဏ ကီလို (၆၀၀၀) ခန့် ရှိပြီး တမြို့ နယ်တွင် အနည်းဆုံး ကီလို (၁၂၀၀) ခန့် ရှိနိုင်ကြောင်း ကောက်ယူ ရရှိထားသည့် စာရင်း အရဟု ဆိုပါသည်။ မူးရစ်ဆေးဝါး သုံးစွဲမှုတွင်လည်း ဒေသတွင်း လူငယ်များ၏ ၈၀% ကျော်သည် မူးယစ်ဆေး စွဲနေသဖြင့် မဖြစ်မနေ တိုက်ဖျက် ရတော့မည်ဟု ဆိုပါသည်။
ဤကဲ့သို့ မူးယစ်ဆေးဝါး ပြဿနာများ တိုးလာသည်နှင့် ပါတ်သက်ပြီး တိုက်ဖျက် ပေးပါရန် ၂၀၁၁ ခုနှစ်က ပလောင်လွတ် မြောက်ရေး တပ်မတော်နဲ့ ပလောင်ပြည်သူများ ပူးပေါင်းပြီး သမ္မတထံ စာတင် ခဲ့ဘူးပါသည်။ ထူးခြားမှု မရှိခဲ့ပေ။
မူးရစ်ဆေးဝါး စိုက်ပျိုးမှုတွင် အစိုးရ တပ်ဖွဲ့နှင့် ပြည်သူ့ စစ်များက ၄င်းတို့ တပ်စွဲထားသည့် နေရာ ဒေသတိုင်းမှ ပြည်သူများ အား စိုက်ခိုင်းလေ့ ရှိသည်ဟု ဆိုပါသည်။ ၄င်းတို့သည် မူးရစ်ကုန်ကူးခြင်းနှင့် အခွန်ငွေ ရရှိနေခြင်းကြောင့် အားပေးနေ ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤ သို့ ကြောင့် တိုင်းရင်းသား တပ်ဖွဲ့များသည် ဘိန်းစိုက်ခင်းများကို သွားရောက် ဖျက်ဆီးလေတိုင်း တိုက်ပွဲများ ဧကန်မုချ ဖြစ်ရမည်ဟု မိုင်အိုက်ဖုန်းက ဆိုပါသည်။
ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးသည်၊ ပလောင်ဒေသ အားလုံးကို ၂၀၁၇ ခုနှစ်၌ မူးရစ် ဆေးဝါးကင်းရှင်း ဇုံဖြစ်ရမည်ဟု ရည်ရွယ် ထားပါသည်။ ထို့အပြင် မူးရစ်ဆေးဝါ တိုက်ဖျက်ရေး အစီစဉ် အကောင်အထည် ဖေါ်ရာ၌လည်း တိုင်းရင်းသား တပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အကောင်အထည် ဖေါ်သွားမည်ဖြစ်သည်။
“ရှင်းရှင်း ပြောရရင်တော့ ဘိန်းစွဲသူတွေက ပလောင် ရှမ်း ကချင်တွေပါ။ လူငယ် (၈၀) ရာနှန်းကျော်မယ်။ ဒီတော့ အစိုးရက အားပေးမှာပေါ့ဗျာ။ သူ့ပေါ်လစီက ပိုက်ဆံလည်းရမယ်၊ တိုင်းရင်းသား လူငယ်တွေလည်း ပျက်စီးပြီးသား ဆိုတော့လေ။ သူ တို့က အားပေးနေရှာမှာပေါ့။ ကျနော်တို့က နစ်နာတယ်လေ တကယ့်ကို တိုက်ဖျက်နေရတာက ကျနော်တို့ပါဗျ။ စဉ်းစားကြည့် ပါ”ဟု မိုင်အိုက်ဖုန်းက ဆိုပါသည်။
အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို ဘိန်းစိုက်ပျိုး သူများ ဖြစ်ပြီး လက်နက်ကိုင် သောင်းကျန်း နေသူများသာ ဖြစ်ကြောင်း စွပ်စွဲလေ့ ရှိပါသည်။ ပလောင်တို့၏ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစဉ်ကို တပ်ရင်း (၁၆) ရင်းနှင့် စစ်ဗျူဟာ (၄) ခုဆင်ပြီး အစိုးရ တပ်ဖွဲ့က ပြီးခဲ့သည့် သြဂုတ် (၂၈) ရက်နေ့တွင် စတင် စစ်ဆင်ခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2077-2012-09-0...
ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော်သည် အစဉ်တစိုက် ဘိန်းတိုက်ဖျက်ရေးများ ပြုလုပ်လာခဲ့ သော်လည်း ၂၀၀၅ ခုနှစ်၌ အစိုးရထံ လက်နက် ချခဲ့ပါသည်။ ဤအချိန်မှစပြီး ပလောင်ဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရောင်းဝယ်မှုများ အဆမတန် ပြန်လည် မြင့်တက် လာခဲ့ပါသည်။ ဤကဲ့သို့ မူးယစ်ဆေးဝါး တားဆီးသူ များက အစိုးရထံ လက် နက်အပ်လိုက် သဖြင့် သုံးစွဲသူများ တိုးလာခဲ့ခြင်း ဖြစ်ပါသည်။
ဤသို့ကြောင့် ကျန်ရှိနေသော PSLF တပ်ဖွဲ့များကို စုစည်းပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာ လတွင် ကျင်းပသော (၃) ကြိမ်မြောက် ညီလာခံကို ကျင်းပပြီး PSLF ကိုပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် လက်နက် အပြည့်အစုံဖြင့် ပလောင် ဒေသကို ပြန်လည် ဝင်ရောက် လှုပ်ရှားခဲ့ရာက ၂၀၁၂ ခုနှစ်၌ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကို ပြန်လည် စတင် ခဲ့ခြင်း ဖြစ်ပါသည်။