ဘုန်းတော်ကြီးကျောင်း မီးရှို့တိုက်ခိုက်မူ လူပေါင်း ၁၆၀ ကျော် ဖမ်းဆီး၊ ၆၀၀ ကျော်တရားစွဲ

ဘုန်းတော်ကြီးကျောင်း မီးရှို့တိုက်ခိုက်မူ လူပေါင်း ၁၆၀ ကျော် ဖမ်းဆီး၊ ၆၀၀ ကျော်တရားစွဲ
by -
နိရဥ္စရာ

ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် တိုက်ခိုက်သူတွေကို ဘင်္ဂလာရဲအဖွဲ့က လိုက်လံ ဖမ်းဆီးနေ တဲ့ နေရာမှာ အခုအခါ လူပေါင်း ၁၆၆ ဦးကို ဖမ်းဆီးထားပြီ ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီး မစ္စတာ အလောင်ဂျီ က ပြောပါတယ်။

A-Bangladeshi-Buddhist-Monk-reacts-as-he-looks-at-a-burned-book-shelf-at-a-Buddhist-temple-on-Oct.-1-2012
ဖမ်းဆီးတဲ့ အထဲမှာ ၉၃ ဦးက ကော့စ်ဘဇားခရိုင်က ဖြစ်ပြီး ရ၃ ဦးက စစ်တကောင်းက ဖြစ်ပါတယ်။

စစ်တကောင်းမြို့ ပိုတီယာမှာလည်း လူပေါင်း ၂၆ ဦးကို ဖမ်းဆီးပြီး ၆၀၀ ကျော်ကို တရားစွဲဆိုထား တယ်လို့ ပြောပါတယ်။

အခု မီးရှို့မူဟာ လွန်ခဲ့တဲ့ စနေနေ့က ဒေသအခေါ် ရာမူး( မြန်မာ အခေါ် ပန်းဝါ)မှာ စတင် ဖြစ်ပွား ခဲ့ပြီး နောက်ပိုင်းမှာတော့ နေရာ ၄ ခုကို ပျံ့နှံ့ ဖြစ်ပွားခဲ့ပါတယ်။

မီးရှို့မူကြောင်း ကျောင်းပေါင်း ၂၂ ကျောင်း ပျက်စီးသွားခဲ့ပြီး အဖိုးတန် ဗုဒ္ဓ ရွှေဆင်းထုတော်တွေ လုယက်ခံရ သလို တန်ဖိုး မဖြတ်နိုင်တဲ့ ပဋိကတ်တော်တွေလည်း မီးထဲပါကုန်တယ်လို့ အသက် ၈၃ နှစ်ရှိပြီး ဖြစ်တဲ့ ဘင်္ဂလာဒေချ့်က ဒုတိယ အကြီးဆုံး ဆရာတော် Shreemad Sattyapriya မဟာထေက ပြောပါတယ်။

ရာမူး (ပန်းဝါ)က မီးရှို့ခံရတဲ့ ကျောင်းတွေထဲမှာ တချို့ကျောင်းတွေကတော့ နှစ်ပေါင်း၂၅၀ကနေ ၃၀၀ ထိရှိနေပြီ ဖြစ်ပါတယ်။

ခုတိုက်ခိုက်မူဟာ ကြိုတင် စီစဉ်တာ ဖြစ်တယ်လို့ သတင်းစာတွေမှာ ရေးသားပြီး ရာမူး မှာ ကျောင်းတွေကို မီးရှို့တိုက်ခိုက်တာဟာ အချိန် (၆) နာရီ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ခုလို တိုက်ခိုက်တာကိုတော့ ဘင်္ဂလာဒေချ့် လူအဖွဲ့အစည်း အများအပြားက ကျေညာချက်တွေ ထုတ်ပြီး ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

အခုအခါမှာတော့ အခင်းဖြစ်ပွားတဲ့ နေရာတွေမှာ လုံခြံုရေး တွေကို တင်းကျပ်ထားပါတယ်။

Most read this week